ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏 အပိုင်း (၂၃

860 34 0
                                    

ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏

အပိုင်း (၂၃)

ဒီနေ့ ကျောင်းကိုပုံမှန်ထက်စောပြီးရောက်လာခဲ့သည် ။
ဦးမင်း အလုပ်မှာ အစီးအဝေးရှိလို့စောစောသွားရမှာ ကြောင့် သံစဉ်လဲ ကြိုထွက်လာခဲ့တာ. . .

မင်းခန့်သော်တို့တော့ ရောက်နေလောက်ပြီမို့ မျက်လုံး ရှင်ရှင်ထားပြီး ရှာနေစဉ် ဒေါင့်ချိုးတသ်နေရာအရောက် မထင်မှတ်ပဲ ခြေထောက်တစ်စုံက ဖြတ်ခနဲထွက်လာသဖြင့် သံစဉ် ရှောင်ချိန်ပင်မရလိုက်. . . .

''ဟင်. . .  

''အ ! . . .   . . .

လှဲကျလုလု သံစဉ် ကို လူတစ်ယောက်ကစီးဖတ်လိုက်သည် ။

ကံကောင်းထောက်မစွာ မြေပြင်နှင့်ရိုက်မသွားပေမယ့် မြင်လိုက်ရသော စပ်ဖြဲဖြဲ မျက်နှာကြောင့် သံစဉ်ကို ကိုင်ထားသည့် သူကို စောင့်တွန်းလွတ်လိုက်သည် ။

''တိမ်အလင်း နင်. . . . . .

''အိုးဟိုး. . ကိုယ့်ရဲ့ မင်းသမီးလေး. . ဒေါသထွက်တာတောင်လှတုန်းပါလား. . . မတွေ့တာကြာပြီနော်. . . . 

''ဟုတ်ပါရဲ့  နင်တို့မတွေ့တာတောင်ကြာပြီပဲ ဒါပေမယ့်  နန်း ရဲ့ သူငယ်ချင်းအတွက်ဝမ်းနည်းလိုက်တာ  အခု နင့်ရဲ့ မင်းသမီးလေးက Rs ဖြစ်နေပြီနော်. . .

ခြေထိုးခံပြီးချော်လဲအောင်ဖန်တီးခဲ့သည့် နန်း ချယ် ရီ က ခနဲ့တဲ့တဲ့အပြုံးနှင့် ပြောသည် ။
ထိုအချိန်မှာပဲ ဇွဲညီ တို့ မင်းခန့်တို့ရောက်လာပြီး သံစဉ်ကို ပြေးတွဲသည် ။

''သံစဉ် ဘာဖြစ်သွားသေးလဲ. . . .

''ရတယ် ဘာမှမဖြစ်ဘူး. .   . . . 

သံစဉ်ကပြော ပြီး  မင်းခန့်တို့ တွဲကိုင်ထားသည့် လက်ကို ဖြုတ်ချ လိုက်သည် ။ နန်းချယ်ရီ က မင်းခန့်သော်ကိုမြင်တော့ စောစောကမျက်နှာမျိုးမဟုတ်တော့. . . .

''မင်းခန့် သံစဉ်ကို အဲ့ ဒီရေ ပေးပါလား. . . .

''ရော့လေ. . . .

နန်းချယ်ရီ ရှေ့မှာပဲ ရေ ဘူး မင်းခန့် လက်ထဲက ယူလိုက်တော့ မနာလိုသလို လိုက်ကြည့်နေပြန်သည် ။
အဲ့တာကိုမြင်တဲ့သံစဉ်က. . . .

ကျိန်စာသင့်သတိုးသားနှင့်နတ်ရေးသည့် ဖူးစာDonde viven las historias. Descúbrelo ahora