ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏 အပိုင်း (၁၃)

749 39 1
                                    

ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏

အပိုင်း (၁၃)

''အ. . . . .

နိဒါန်း နိုးလာတော့ စစ်ခနဲ နာကျင် သွားသဖြင့်မျက်လုံပါပြူးကျယ်သွားသည် ။
သူ့ဘေးမှာတော့ ငိုက်မြည်းနေသည့် ဦးတိုး. . . 
သူ့ကို စောင့်ရင်း အိပ်ပျော်သွားတာထင်သည်

''ဦးတိုး . . . . 

''ဟင်. . ဗျာ . . . . .

သူခေါ်လိုက်မှ နိုးသွားသည် ။

''ညက တစ်ညလုံး မအိပ်တာလား. . . .

''သခင်လေး ကိုယ်ပူမလား စောင့် ကြည့်ရင်း အိပ်မရလို့ထိုင်နေတာ ဘယ်လို အိပ်ပျော်သွားလဲတောင်မသိလိုက်ဘူး. . .  သခင်လေးက ဆေးအရှိန်နဲ့ အိပ်ပျော်နေတာကို ဘာဘို့အိပ်နေမှန်းမသိလို့ ထိုင်ကြည့်နေတာ. .  

''ဦးတိုးသွားနားတော့လေ . . . .

''သခင်လေး သက်သာရဲ့ လား ဆရာ ဝန်တစ်ယောက်ယောက်ယောက် ခေါ်ပေးရမလား

''မလိုဘူး ရတယ် ကျွန်တော်ပါကျွန်တော် ဆေးရှာသောက်လိုက်မယ်. . .  

''ထင်သားပဲ အဲ့ လိုလုပ်မယ်ဆိုတာ. . .   .
မိန်းကလေးက အဲ့တာကြောင့် အကိုက်အခဲပျောက်ဆေး ဆိုလား အဲ့တာတောင်ရှာပေးခဲ့သေးတယ်. . . .

''မိန်းကလေး. . .

''အင်းလေ သခင်လေးနဲ့အတူ ပါလာတာလေ တစ်ဖတ်အိမ်ကလို့ပြောတာပဲ. . .  

''အာ သူ့ကို စံအိမ်ထဲပေးဝင်လိုက်တာလား. . . .

''သူက သခင်လေးရဲ့ကားကိုမောင်းလာတာလေ ပြီးတော့ သူ့လက်တွေမှာလဲသွေးတွေနဲ့ မိန်းကလေးက အရမ်းငယ်တော့ အတော်ကြောက်နေတဲ့ပုံပဲ
အဲ့တာတောင် အကုန်ပြီးအောင်လုပ်ပေးခဲ့သေးတယ် ။ပြီးတော့ အဲ့ ဒီမိန်းကလေးက တေးနုယဉ်နဲ့. . .

ဦးတိုးဘာပြောချင်လဲသိတာကြောင့် . .

''ဒါတွေအကုန် သူ လုပ်ပေးသွားတာလား. .  

''သခင်လေးက ဦးတိုးလုပ်တယ်ထင်လို့လား
ဆေးတွေ ဦးတိုးမှ မဖတ်နိုင်တာ . . . တစ်ခါမှမလုပ်ဖူးဘူးဆိုပြီး အဲ့ဒီမိန်းကလေးလဲ ကြောက်နေတဲ့ပုံပဲ. . .
ဆေးတွေရှာနေရင်းတောင်တုန်နေရှာတာ. . .  

ကျိန်စာသင့်သတိုးသားနှင့်နတ်ရေးသည့် ဖူးစာTempat cerita menjadi hidup. Temukan sekarang