ကျိန်စာသင့် သတို့ သား နှင့် နတ်ရေးသည့် ဖူးစာ💏
အပိုင်း ( ၆)
မင်းခန့် ရဲ့ အကို အကူအညီနဲ့ သင်တန်းတွေ ကျောင်းတွေ စုံစမ်းသင့်သလောက်စုံစမ်းလို့အပြီးမှာတော့ သံစဉ်တို့အားလုံးပင်လဲပင်ပန်းမောလဲမောသွားကြသည် ။
''မင်းခန့် . . နင့် အကိုရော. . .
''သူက ဂျူတီချိန်လေ ငါတို့ ဘာမှမသိလို့သာလိုက်လာတာ ခုတော့ပြန်သွားပြီ. .
''ငါတိုလဲမောလွန်းလို့တန်းမပြန်နိုင်သေးဘူး အအေး ဖြစ်ဖြစ်သွားသောက်ရအောင် . . .
''ဒါပေါ့ ဝါးတီးဖွင့်ပြီးမှ ပြန်ကြတာပေါ့. .
''နင်ပြောတာ ဘာစကားကြီးလဲ. .
''ငါလဲမသိဘူးကြားဖူးလို့ပြောတာ. . .စားပြီးမှ ပြန်မယ်လို့ပြောတာ ပါ. . .
''ရှင်းရှင်း လင်းလင်း လူ နားလည်အောင်ပြောစမ်းပါ ဘုန်းခန့် ရာ. .
''ငင့် . . . .
''ဟား. . ဟား. . .
''တော်ပြီ ကိုက်မနေကြနဲ့တော့ သွားမယ်. . .
''သူပြောမှပဲပိုဆိုးတော့တယ်. . . .
''လာကြပါဟာ မောရတဲ့အထဲ. . . .
သံစဉ်ပြောမှ တွေ့ရာ အအေးဆိုင်ထဲ ဝင်ခဲ့ကြသည်
''ဆိုင်လေးကမိုက်သား အပေါ်ထပ်သွားထိုင်ရအောင်. .
''အေး. . . .
၂ထပ် အအေးစုံ ဆိုင်လေးက သန့်ရှင်းသပ်ရပ်ပြီး ထိုင်ချင်စဖွယ်ကောင်းသည်။
''ငါတော့ ဒီဆိုင်လေးကိုသဘောကျသွားပြီ နောင်အမြဲလာရအောင်. . . .
သံစဉ်ကပြောတော့ မင်းခန့်က. .
''ဒီထက်လှတဲ့ဆိုင်တွေအများကြီးရှိသေးတယ်. .
''ဒီဆိုင်လေးကပိုလှမယ်ထင်နေတယ်. . .
ငါတကယ်သဘောကျတယ်. .''ကောင်းပြီလေ နင်သဘောကျရင်ငါတို့ အမြဲလာရအောင်. . . . . . .
စကားတပြောပြောနှင့်အပေါ်တက်လာခဲ့ ကြသည်
ပြီးတော့နှစ်သက်ရာဝိုက်းမှာ ဝင်ထိုင်ပြီး အအေးမှာလိုက်ကြသည် ။
KAMU SEDANG MEMBACA
ကျိန်စာသင့်သတိုးသားနှင့်နတ်ရေးသည့် ဖူးစာ
Romansaချစ်ရတဲ့မိန်းကလေးရော ပတ်သတ်မိသမျှ မိန်းကလေး တွေပါ အဖြစ်ဆိုးတွေနဲ့ သေဆုံးခဲ့တာကြောင့် မိန်းကလေးတွေနဲ့ မပတ်သတ်ရဲလောက်အောင်ဖြစ်နေတဲ့ ကောင်လေးဟာ သံစဉ် ဆိုတဲ့ ချာတိတ် မလေးနဲ့ဆုံပြီးနောက် ဘယ်လိုတွေပြောင်းလဲလာမလဲ ? ဒါက ဇတ်လမ်းဟောင်းလေး ပြန်တင်ခြင်းပါ နှစ်...