Part-2

10.6K 1.2K 121
                                    

Unicode;

"ချစ်စရာလေး"
"ငါလား"

Taehyung အမေးကို Jungkook က အသံကျယ်ကျယ် အော်ရယ်လိုက်ရင်း

"ဖြစ်ပါ့မလား မနေ့ညက အခန်းထဲ မှားဝင်လာတဲ့ သေရည်ပို့တဲ့ ကောင်လေးကို ပြောတာ"
"ဟွန်း မသိပါဘူး Hoseok Hyung ကတော့ ငါ့ကို ချစ်စရာလေးလို့ ခဏ ခဏ ပြောလို့"

Taehyung စကားကို Jungkook ခေါင်းခါလိုက်သည်။ ဘေးနားက ထိုင်နေတဲ့ Namjoon က

"Jungkook ရယ် သဘောကျနေတာမှန်း ဆွဲလိုက်တာ မဟုတ်ဘူး ဘာလို့ပြန်လွှတ်လိုက်တာလဲ"
"သူ့ပုံစံက အရမ်းကြောက်နေတဲ့ပုံပေါ်လို့ လက်တွေလည်း တုန်နေတာ"
"Aigoo မင်းက ဘယ်တုန်းက အဲ့လောက် သူများအပေါ် စဉ်းစားပေးတတ် သွားတာလဲ"

Namjoon စကားကြောင့် Jungkook ပြုံးမိသည်။ အဲ့ဒါတော့အမှန်ပဲလေ..။ Jungkook ကို တခါတရံ ကြောက်စရာကောင်းတယ်လို့ ဆိုကြသည်။ ငယ်ကတည်းက လိုချင်တာ ရဖို့ဆို အခက်အခဲ ဘယ်အရာမဆို ရှင်းရဲတဲ့ အကျင့်ကြောင့်လားမသိ။ တကယ်တော့ မြို့စားမင်း စာမေးပွဲတုန်းက သူက အဆင့်နှစ်နဲ့ အောင်တာမို့ နယ်စားမင်း အဆင့်သာ ရခဲ့သည်။ သို့ပေမယ့် လူငှါးကာ အဆင့်တစ်ကို လုပ်ကြံလိုက်တာကြောင့် Jungkook က မြို့စားမင်းနေရာ အလိုလို ရလာတော့သည်။ ဘာကြောင့် ဒီလိုလုပ်လဲလို့ မေးရင် 'စာ အစွမ်းကုန်ကြိုးစားထားပေမယ့် အမှတ် ၁ မှတ်လောက် နည်းလို့ မရတာ ရင်နာလွန်းလို့' လို့သာ ဆိုသည်။ ဒီလိုအကျင့်က အဖေသင်ပေးတာလား အဖေ့အမွေလား Jungkook ကိုယ်တိုင်လည်း သေချာမသိ။ သေချာတာ တခုကတော့ အဖေနဲ့ တူတယ်ဆိုတာပင် ဖြစ်သည်။

"Jungkook ka အင်္ကျီလဲတော့ မြို့ထဲပတ်ရတော့မယ်"

Jin အသံကြားမှ Jungkook လည်း အတွေးတို့ ရပ်လိုက်ပြီး အင်္ကျီထလဲလိုက်ရတော့သည်။ တစ်မြို့လုံးကလည်း ခပ်ငယ်ငယ် မြို့စားမင်း အသစ်မို့ စိတ်ဝင်တစား မျှော်လင့်နေကြသည်။ Jimin ကတော့ မီးဖိုခန်းထဲ အန်တီ Soo ကိုသာ ကူပြီး ကြက်သွန်လှီးပေး အခွံခွါပေး လုပ်နေလိုက်သည်။

"Jimin Hyung မြို့ထဲ မြို့စားမင်း အသစ်လှည့်မှာတဲ့ သွားကြည့်ရအောင်"

မီးဖိုးခန်းထဲ အန်တီ Soo နဲ့ အတူ ချက်ပြုတ်ရတဲ့ အမကြီးရဲ့ ကလေး HooRu စကားကြောင့် Jimin မနေ့ညက သူ့ကို ဝါးစားမတတ် ကြည့်တဲ့ လူကြီး အတွေးထဲပေါ်လာသည်။ ခုမှ စတွေ့တဲ့ အစေခံတစ်ယောက်ကို အကြည့်စူးစူးကြီးတွေနဲ့ အဲ့လောက်ကြည့်တယ်ဆိုကတည်းက မြို့စားမင်း အသစ်က နှာဗူးပဲ နေမှာ..။

My Little ServantWhere stories live. Discover now