Part-26

8.6K 957 56
                                    

Unicode;

"Jungkook အဲ့ဒါ.. ဟိုဟာ"

Jimin လည်း ဘာဆက်ပြောရမှန်းမသိ။ ဘယ်လိုဖြေရှင်းရမလဲ မသိ။ Jungkook မျက်နှာ ကြည့်လိုက်ရုံနဲ့ ဒေါသထွက်နေတယ် ဆိုတာသိသာသည်။ တည်ကြည်ပြီး စူးရှနေတဲ့ အကြည့်က ကြောက်ဖို့ကောင်းနေသည်။ Yoongi လည်း ရိပ်စားမိပြီး နေရခက်တာနဲ့

"ကိုယ်က Jimin တို့အတန်းရဲ့ အသစ်ပြောင်းလာတဲ့ သင်္ချာဆရာ အသစ်ပါ Min Yoongi လို့ ခေါ်ပါတယ်"

အေးအေးဆေးဆေးနူတ်ဆက်လာတဲ့ Yoongi ကို အေးအေးဆေးဆေး ပြန်နူတ်ဆက်ရလောက်အောင်ထိ Jungkook စိတ်အခြေအနေ မဟုတ်တာကြောင့် ခေါင်းပဲ ငြိမ့်ပြလိုက်သည်။ Yoongi ကပဲ

"ကိုယ့်က ကော်ဖီဆိုင်နေရာမသိလို့ Jimin လေးက လိုက်ပြတာပါ သူက ပြန်မယ်ပြောပေမယ့် ကိုယ်က အတင်းဝယ်တိုက်မယ် ပြောလို့ပါ"

Jimin လည်း Yoongi ရှင်းပြသမျှကို နောက်ကနေ ခေါင်းတငြိမ့်ငြိမ်နဲ့။ Jungkook ဘက်က ငြိမ်နေတာနဲ့ Yoongi လည်း

"ပြီးတော့ ကိုယ့်မှာလည်း ချစ်သူ မိန်းကလေး ရှိပါတယ် (Mochicookie တဲ့ 😛) ဒါဆို ကိုယ်အရင် ထနှင့်ပြီနော်"

Yoongi ရှင်းပြလိုက်မှ Jungkook မျက်နှာတင်းနေရာကနေ နည်းနည်းလျော့ကျသွားသည်။ Jimin လည်း ဘာမှမဟရဲတာနဲ့ ငြိမ်နေလိုက်သည်။ နှစ်ယောက်လုံးတိတ်ဆိတ်နေပြီး တော်တော်ကြာမှ Jungkook က

"ကိုယ်သွားတော့မယ် အစည်းဝေး ရှိသေးတယ်"

ထပြန်ဖို့ပြင်နေတဲ့ Jungkook လက်ကို Jimin အမြန်လှမ်းဆွဲလိုက်ပြီး

"တောင်းပန်ပါတယ် Jungkook"
"ဘာအတွက်လဲ Yoongi နဲ့ အတူထိုင်တာကိုလား ကိုယ့်ကို လိမ်မိတာကိုလား"

Jungkook အသံက နည်းနည်းမာနေတာမို့ Jimin ဝမ်းနည်းမိသည်။ မျက်ရည်တွေ ကျမလာအောင် တောင့်ခံထားရင်း Jungkook လက်ကို အသာလေး လွှတ်လိုက်မိသည်။

"တောင်းပန်ပါတယ်"

မျက်ရည်တွေဝိုင်းနေတဲ့ မျက်ဝန်းကို မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်နေတဲ့ Jimin ကို ကြည့်ရင်း Jungkook လည်း စိတ်မကောင်းဖြစ်မိသည်။ Jimin အနားပြန်ထိုင်ရင်း Jimin ကို ရင်ခွင်ထဲ ဆွဲထည့်လိုက်မိသည်။ ရင်ခွင်ထဲ ရောက်မှ အကောက်ပေါက်က ပိုငိုသလား အောက်မေ့ရသည်။ Jimin လည်း ရှိုက်ကြီးတငင်ငိုနေရင်း

My Little ServantWhere stories live. Discover now