Part-6

9.4K 1.1K 61
                                    

Unicode;

"သခင်လေး Jimin မြို့စားမင်း ရောက်နေပါတယ်ရှင့်"

ဘဝမှာ တခါမှ အိပ်ရေးဝဝ မအိပ်ခဲ့ရဖူးတဲ့ Jimin တစ်ယောက် ပထမဆုံး အိပ်ရေးဝဝ အိပ်လိုက်တာ ဘယ်ချိန်တောင် ရောက်သွားလဲ မသိ အစေခံမလေး အသံကြားမှ နိူးလာသည်။

"သခင်လေး Jimin မြို့စားမင်း ရောက်နေပါတယ်ရှင့်"

နောက်တခေါက် ထပ်ပြောတဲ့ အသံကြောင့် Jimin မျက်လုံးပြူးသွားသည်။ ဒုက္ခပဲ မြို့စားမင်းတဲ့ သူက အောက်ခံ အဖြူ HanBok ဝတ်စုံပဲ ဝတ်ထားတာ ဘာလုပ်ရမလဲ..။ အင်္ကျီ လဲရမလား တံခါးဖွင့်ရမလား..။ အင်္ကျီအရင် လဲမှနဲ့ တူတယ်..။ ...............။
Jungkook လည်း တော်တော်နဲ့ တံခါးဖွင့်မလာတာကြောင့် ထွက်များပြေးသွားပြီလား စိတ်ပူကာ မစောင့်တော့ပဲ တံခါးဖွင့်ဝင်လိုက်သည်။ ရုတ်တရပ် တံခါးဖွင့်သံနှင့်အတူ ဝင်လာတဲ့ Jungkook ကြောင့် Jimin လန့်သွားသည်။ Jungkook လည်း အင်္ကျီဝတ်တန်းလန်း ဖြစ်နေတဲ့ Jimin ကြောင့် မျက်လုံးဝိုင်းလေးတွေ ပိုပြူးသွားသည်။ အပြင်က အစေခံတွေ သတိမထားမိစေရန် တံခါးကို အမြန်ပြန်ပိတ်လိုက်သည်။ Jimin က ပြာပြာယာယာဖြင့်

"တောင်း တောင်းပန်ပါတယ် Jungkook ကျွန်တော် အင်္ကျီလဲနေလို့ တံခါးလာ မဖွင့်ပေးသေးတာ"

Jungkook စိတ်တိုမှာစိုးလို့ အင်္ကျီဆက်မဝတ်ပဲ အမြန် ခါးလေးကိုင်းကာ တောင်းပန်နေတဲ့ Jimin ကြောင့် Jungkook ရယ်ချင်မိသည်။ ရင်ဘတ် အတွင်းသား ဖွေးဖွေးလေးတွေနဲ့ ဝမ်းဗိုက် ချပ်ချပ်လေးတွေ အတိုင်းသား မြင်နေရတာကြောင့် Jungkook ရင် တဒိတ်ဒိတ် ခုန်လာသည်။ ပခုံးသားဖွေးဖွေးလေးတွေကို ကိုက်ချင်စိတ်က တဖွားဖွား..။ ဒီကလေးလေးကတော့ လူကို ရူးအောင် လုပ်နေတာပဲ..။

"အင်္ကျီအရင် ပြီးအောင် ဝတ်ဦး"
"ဗျာ.. ဟုတ် ဟုတ်"

Jungkook စကားကြားမှ သတိရကာ Jimin လည်း အင်္ကျီအမြန် အရင်ဝတ်ရသည်။ Jungkook ကတော့ အင်္ကျီလေး ကြိုးချည်နေတဲ့ Jimin ကို နောက်ကနေ သိုင်းဖက်ရင်း လည်ပင်းနား တဝိုက် အနမ်းတို့ ပေးလိုက်သည်။ ရုတ်တရပ် အနမ်းခံလိုက်ရတဲ့ Jimin မှာ တုန်တုန် သွားလေသည်။ မထင်မှတ်ပဲ ထိတွေ့တတ်တဲ့ Jungkook ရဲ့ အပြုအမူတွေကို Jimin သိပ်မကြိုက်ပေမယ့် မကြိုက်တာမျိုးကြီးတော့ မဟုတ်။ အနမ်းတချက်ပေးလိုက်တိုင်း ရင်ခွင်ထဲက အသေးလေး တုန်တုန်သွားတာကြောင့် Jungkook အသံထွက် ရယ်လိုက်မိသည်။

My Little ServantWhere stories live. Discover now