Unicode;
"Jungkook ငါ Ji Yeon နဲ့ ညဈေးထဲ လိုက်ပြီး လျှောက်ကြည့်ချင်တယ်"
နှုတ်ခမ်းလေးစူပြီး ခပ်ချွဲချွဲလေး ပြောနေတဲ့ Jimin နဖူးကို Jungkook တချက် နမ်းလိုက်ရင်း
"မဖြစ်ဘူး ညဈေးထဲ ဘယ်လောက် လူရှုပ်လဲ သိလား မသွားရဘူး"
"ကျွန်တော်က အရင်က ဆောင်ကြာမြိုင်မှာ အလုပ်လုပ်ခဲ့တာဆိုတော့ ညဈေး တခါမှ မရောက်ဖူးလို့ပါ"မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ Jimin ကြောင့် Jungkook တော်တော် ကြိုးစားပြီး လျစ်လျူရူလိုက်ရသည်။ Jimin က စာဖတ်နေတဲ့ Jungkook ရင်ခွင်ထဲ အတင်းတိုးဝင်ကာ
"လုပ်ပါနော် Ji Yeon က ပြောတယ် အရမ်းစည်ကားပြီး စားစရာတွေလည်း ပေါတယ်တဲ့ ကျွန်တော် တခါလောက် ရောက်ဖူးချင်လို့ပါ"
ရင်ခွင်ထဲ အတင်းဝင် ချွဲနေတဲ့ Jimin ကြောင့် Jungkook လည်း နောက်ဆုံး ငြင်းဆန်ဖို့ အားတွေ ကုန်ဆုံးလာတော့သည်။
"ကောင်းပြီ ဒါပေမယ့် Ji Yeon နဲ့ မသွားရဘူး စိတ်မချဘူး"
"ဟင် အဲ့ဒါဆို ကျွန်တော်က ဘယ်သူနဲ့ သွားရမှာလဲ"
"ကိုယ် တစ်ယောက်လုံး ရှိတာကို"
"Jungkook နဲ့ အတူတူသွားရမှာပေါ့ ဟေး ပျော်လိုက်တာ ကျွန်တော် အခုပဲ အင်္ကျီသွားလဲမယ်"ချက်ခြင်းကောက် အင်္ကျီလဲနေတဲ့ Jimin ကို ငေးရင်း Jungkook ပြုံးမိသည်။ ဒီကလေးကလေ.....။ အရမ်းချစ်ဖို့ကောင်းတယ်...။ နှစ်ယောက်အတူ လက်တွဲရင်း ပွဲဈေးထဲ လျှောက်ကြည့်နေသည်။ မီးပုံးတွေနဲ့ ပွဲဈေးတန်းက တော်တော်လေး လှပနေလေသည်။ Jimin ကို ပိုပျော်ဖို့ကောင်းစေတာ အနားမှာ ရှိတဲ့ Jungkook ကြောင့် ထင်ပါရဲ့....။ လူကျပ်တဲ့ နေရာရောက်ရင် Jimin နဲ့ လူကွဲ သွားမှာစိုးလို့ အတင်းလက်ကို ဆုပ်ကိုင်ထားပုံက ရယ်ချင်စရာကောင်းလှသည်။ မုန့်တွေလည်း အတူဝယ်စားရင် အတူလက်တွဲကာ အိမ်ပြန်ခဲ့ကြသည်။
"ကျေးဇူးပါ Jungkook"
"ဘာကိုလဲ"
"ဒီလိုလေး ဘေးနားနေပေးပြီး အကုန်ဖြည့်စည်းပေးလို့"
"ကိုယ်ပြောဖူးတယ်လေ ကိုယ့်ဘေးက နေရာက အမြဲတမ်း ကလေးနေရာပဲလို့ အဲ့ဒါကို မြဲမြဲမှတ်ထား ကြားလား ကလေး"Jungkook စကားကြောင့် Jimin ရင်ထဲ ကြည်နူးမိသည်။ ဘယ်ချိန်ကစလဲ သေချာမသိ ဘယ်ချိန်ထိလဲ သေချာမသိပေမယ့် Jungkook အချစ်ကို ခံရတာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလို့တောင် ခံစားရသည်။ Jungkook ကို ငေးရင်း
YOU ARE READING
My Little Servant
Fanfiction(Unicode +Zawgyi) Unicode; တကယ်သာ နောင်ဘဝဆိုတာ ရှိခဲ့မယ်ဆိုရင် Jungkook နဲ့ အတူ ချယ်ရီပန်းတွေ တူတူထိုင်ကြည့်ချင်သေးတယ်....။ ဒီ Fic လေးက ပထမဆုံး ရှေးခေတ် Fic လေးပါမို့ လိုအပ်တာလေးများကို ဝေဖန်ထောက်ပြ ခွင့်လွှတ်နားလည် ပေးကြပါလို့ Zawgyi; ဒီ Fic ေလးက ပ...