One 💝 Uni

6.2K 474 18
                                    

နှိုးစက်နာရီ၏ သာယာညင်းပြောင်းသော သံစဉ်လေးကို အရင်ကြားရသည်။

တဖြည်းဖြည်းပွင့်ဟလာသော မျက်လုံးတစုံ၏ပိုင်ရှင်သည် နာရီနှိုးစက်အသံ ရပ်သွားချိန်တိုင်းမှာ ပုခုံးစွန်းလေးတဖက်ပေါ်အုပ်ကိုင်လိုက်သော လက်ဖျားနွေးနွေး၏ အထိအတွေ့ကို အရင်ရသည်။လည်တိုင်အနောက်နားဆီသို့ ဖိကပ်လာသောနူးညံ့မှုကို မနက်တိုင်းလိုလိုခံစားနေသည့်တိုင် ဘယ်တော့မှရိုးအီသွားခြင်းမရှိ...

" သဲငယ်လေး မောနင်း "

ကျောပြင်လေးနဲ့ ထိကပ်သွားသော ရင်ခွင်ကျယ်ကြီးရဲ့ အငွေ့အသက်ကို အသာခံယူနေတုန်းမှာ သူ့ပုခုံးလေးတဖက်ပေါ်ကို အနမ်းတွေအဆက်မပြတ်ကြွေဆင်းသည်။

" ဂုမောနင်း...
ဟာ..ကိုကို...တော်ပြီ...
ခ်ခ်..
ယားတယ်လို့ ... "

ခါးပေါ်ကို ဖက်ထားသလိုလိုနဲ့ ကလိထိုးခံရချိန်မှာ Baekhyun မငြိမ်နိုင်တော့ပဲ Chanyeol ဖက်ကိုလှည့်အိပ်လိုက်ရသည်။ နီညိုရောင် ညအိပ်ဝတ်စုံ ဆင်တူနဲ့တောင်မှ Baekhyun ထက်အများကြီးကြည့်ကောင်းနေတဲ့သူက အိပ်ချင်မူးတူးမျက်နှာနဲ့တောင် ချောမောနေဆဲမို့ မနာလိုဖြစ်ရတာ အကြိမ်ပေါင်းမရေတွက်နိုင်ဘူးထင်ရဲ့...

" ပြောင်လိုက်တဲ့ နှဖူးလေး...
ပြွတ်စ် ~~~ "

" ကိုကိုနော် "

" မျက်နှာကလည်းဖောင်းကားနေတာပဲ...
ဝက်ပုလုံးလေးကျနေရော "

" စိတ်တိုလာရင် ကိုက်ဆွဲပစ်မှာနော်...
တကိုယ်လုံးအကောင်းမကျန်ပဲနေမယ် "

Baekhyun နှာခေါင်းလေးရဲတက်လာတာကို အသဲတယားယားနဲ့ကြည့်ရင်း Chanyeol မှာ ဖျစ်ညှစ်လိုက်ချင်စိတ်တွေများလာတာမို့ ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲပျောက်သွားအောင် ဖက်ထားရတာမဝသေးပဲ ခြေထောက်ရှည်ရှည်နဲ့ပါ ခွထားလိုက်သည်။

မနက် ရှစ်နာရီထိုးလို့ ယောက်ခမဖြစ်သူ မာမား Byun က ခုနှစ်သံချီနဲ့ လာမနှိုးမချင်း သူ့သားလေးကို အတင်းကာရောပွေ့ဖက်ပြီး ရိက္ခာယူလိုက်ရမှ Chanyeol တို့တနေ့လုံး အားပြည့်အင်ပြည့်နဲ့ အလုပ်လုပ်နိုင်မှာမဟုတ်လား။

 A Million Days With You 💝  (Z+U)Where stories live. Discover now