Two 💝 Uni

7.2K 453 37
                                    

ကစားကွင်းနဲ့ သိပ်မဝေးသောနေရာက အသားကင်ဆိုင်တခုမှာ ချန်းဘတ်တို့ သားအဖတွေနေ့လည်စာ စားနေကြသည်။ နူးအိနေသော အသားပေါင်းကို အမျှင်လေးတွေလုပ်ပြီး သဲလေးတွေကိုကျွေးလိုက်၊ အကင်အိုးပေါ်က အသားပြားတွေကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနဲ့ကင်ချီလေးတဖတ်နှစ်ဖတ်ထည့်ကာ ဆလပ်ရွက်နဲ့ထုပ်ပြီးကွကိုယ်ဝါးတီးဖွင့်လိုက်၊ ကိုယ့်ယောက်ျားကိုယ် ခွံ့ကျွေးလိုက်နဲ့ မိုးမမြင် လေမမြင် ဘယ်ဟာမှမမြင်ပဲ အပျော်ကြီးပျော်နေရသည်။

နာဘီ လိုရီတို့ကလည် ဘယ်စက်ရုံကထုတ်ထားလို့အင်ဂျင်တော်တော်ကောင်းကြရတာလဲ ဆိုပြီး Chanyeol မှာ တအံ့တသြဖြစ်ရသည်။ ကစားကွင်းမှာ တမျိုးပြီး တမျိုးဆော့နေရင်း မုန့်တွေအလျှံပယ်စားထားတာတောင်မှ နေ့လည်စာ အသားပေါင်း နှစ်ပွဲတိတိကို သွပ်တိုင်းဝင်နေကြတယ်ဆိုတော့လေ။

ကစားကွင်းမှာ စားသမျှတွေထဲ အာလူးကြော်၊ ရေခဲမုန့်၊ ကိတ်မုန့်၊ ဆန်းခွစ်ခ်ျ၊ အာတာပူစီ၊ ဝေဖာ၊ ပေါက်ပေါက်၊ ကြက်အူချောင်း၊ ဂျယ်လီ၊ ပူတင်း..အမျိုးကိုစုံရော။

မုန့်ရောင်းတဲ့ဆိုင်တဆိုင်လောက်မတွေ့လိုက်လေနဲ့...ပတ်ချန်းရဲ့သားသမီးတွေ...အာညီ...သားသမီးတင်မကဘူး သူတို့ အာပါးလေး ဗြောင်ဘတ်လဲ ဝါးတီးမန်းတွေနဲ့ တကျိတ်တည်းတဥာဏ်တည်းပဲ။ မုန့်မြင်တာနဲ့ အဲ့ သားအဖသုံးယောက်က ပတ်ချန်းကို ဝယ် မကျွေးကျွေးချင်အောင် ပူဆာနေတော့တာ။

နာဘီက *မုန့်ချားမယ် *လို့ပြောလိုက်တာနဲ့ လိုရီက * ဝေးး * လို့ထအော်ပြီး လက်ခုပ်လက်ဝါးတွေတီးတယ်...အဲ့သလို အူမြူးပြနေတဲ့ ဝက်ပေါက်လေးတွေကို စားချင်တာဝယ်မကျွေးပဲ နေရအောင် ပတ်ချန်းက ဘာသားနဲ့ထုထားတာမို့လို့လဲ ဟမ်။

* သဲလေးတုိ့ ကြိုက်တာ စားကြလေ* လို့များပြောလိုက်ရင် ဗြောင်ဘတ်က မျက်လုံးလေးတွေဘလင်းဘလင်းဖြစ်လာပြီး ပူကြူးတကောင်ပွေ့ချီလို့ ဆိုင်ထဲအတင်းဝင်မယ်...သူ့သားသမီးတွေနဲ့ ဘာစားမလဲ တိုင်ပင်...သူတို့ကြိုက်တာဝယ်ခြမ်းပြီးတော့မှ ပတ်ချန်းကို * ပိုက်ဆံလာရှင်းလေ *ဆိုတဲ့ပုံမျိုးနဲ့ ကောင်တာဖက်မေးငေါ့ပြတယ်လေ။

 A Million Days With You 💝  (Z+U)Donde viven las historias. Descúbrelo ahora