ငှက်ကလေးတွေ ကျလိကျလိအော်မြည်သံကြောင့် မိုးစင်စင်လင်းနေမှန်းသိသော်လည်း ဘတ်ဟျွန်းမှာ မထနိုင်သေးပဲ အိပ်ရာထဲခေါင်းစိုက်နေဆဲဖြစ်သည်။ ညတုန်းက ကိုကိုလူဆိုးကြီး၏ အချစ်ကြမ်းထားသောနောက်ဆက်တွဲမှာ ခါးဆစ်ရိုးနဲ့ ခြေထောက်တွေပြုတ်ထွက်လုမတတ် အီစိမ့်နေရခြင်းသာ။
" ဘေဘီလေး...ထတော့ "
ပါးပေါ်ကိုဖွဖွနမ်းပြီး နှိုးပေမယ့် ချန်းယောလ်ကိုစိတ်ကောက်လက်စနဲ့ ဘတ်ဟျွန်းဆက်အိပ်နေလိုက်သည်။ လိုက်ကာအဖွင့်မှာဖြာကျလာသော နေခြည်နွေးနွေးက သူမျက်နှာပေါ်သက်ဆင်းလာတာမို့ နေရာရွှေ့ကာ နောက်တရေးပြန်အိပ်သည်။
ညတုန်းက နဲနဲပိစိလေးသောက်ထားတာတောင် ခေါင်းက တဒိန်းဒိန်းနဲ့ကိုက်နေလိုက်တာ။ ခြေတွေလက်တွေလဲ သူ့လက်ကြမ်းကြီးတွေနဲ့ အဖိခံ၊ အကွေးခံ၊ အညှစ်ခံရလို့ ဂျယ်လီချောင်းတွေလိုပျော့ဖတ်သလပ်ပြီး နာနေရပြီ။
ဘတ်ဟျွန်း၏ ပုခုံး၊ ရင်ဘတ်နဲ့ ကျောနောက်မှာ စပ်ခနဲစပ်ခနဲဖြစ်မှုက ပတ်ခ်ချန်းယောလ် သွားတွေ၏ ကျန်းမာနေမှုကို ဘွင်းဘွင်းကြီးဖော်ပြနေသည်။ မက်မွန်သီးနားတဝိုက်က ကျိန်းစပ်ပူလောင်နေမှုတွေသာ စကားပြောတတ်ရင် ချန်းယောလ်ကိုယ်၏တနေရာကိုဖြုတ်ပြီး ကြိတ်စက်ထဲထည့်ကြိတ်လိုက်ပါလား ဟု အဓိပ္ပါယ်ရနိုင်သည်။
" သဲငယ်.. နေကောင်းရဲ့လား။
ကိုယ့်ကိုစိတ်ကောက်နေတာလား ဟင် "ညတုန်းကချွေးသံတရွဲရွဲနဲ့မို့ ဘတ်ဟွန်းဆံပင်တွေအကုန် စေးထန်းပြီးတချောင်းနဲ့တချောင်းပူးကပ်နေတာကို ချန်းယောလ်က အသာဖွပေးရင်း နှဖူးပေါ်ငုံ့နမ်းလာသည်။
" သိရင်ဘာလို့လာမေးနေလဲ... ပြောတော့ဖြင့် ချစ်လို့ပါဆို။ လူကိုမညှာမတာနဲ့ မိုးလင်းပေါက်သောင်းကျန်းပစ်ပြီးတော့ !! "
" ကိုယ်တကယ်စိတ်မထိန်းနိုင်လို့ပါကွာ။ သဲငယ်ကအရမ်းလှတာကိုး "
" လှတာ ငါ့အပြစ်လား...ဟမ် !!
ငါ့မှာ အပြစ်ရှိလို့...အ့ !! ... အားးး !!! "" ဘေဘီ !! "
လှုပ်ရှားမှုသေးသေးလေးကြောင့် မျက်ရည်ထွက်လုမတတ်နာသွားပြီးနောက်မှာ ကုတင်ဘေးနားထိုင်နေတဲ့ ချန်းယောလ်ကို တွန်းထုတ်ပစ်လိုက်သည်။ သူက Company သွားမှာဆိုတော့ စောစောထ၊ ရေမိုးချိုးပြီး လန်းဆန်းနေလိုက်တာ။ ဒီမှာတော့ ဘလိတ်ဓားတွေဖင်ခုထိုင်ထားရသလိုပဲ။ စောစောစီးစီလူသတ်ချင်စိတ်တွေပေါက်တယ်တအား။
ESTÁS LEYENDO
A Million Days With You 💝 (Z+U)
FanficHeaven On Earth ရဲ့ Season 2 ပါ Family life ကို ပေါပေါ့ပါးပါးလေးရေးမှာမို့ အသဲတွေပင်ပန်းသမျှချွေးသိပ်ပေးနိုင်တဲ့ ဘေဘီလေးဖြစ်ဖို့ ဆုတောင်းပါတယ်နော် 💓💓💓 Happy V Day ပါရှင် 😍😍😍 💝Cover By Mee CB Zi 💝Chanbaek Yaoi 💝MM Fic Heaven On Earth ရဲ့ Se...