ကိုကို

7.4K 740 30
                                    

<<Unicode>>

ph notiသံကြားလို့ကြည့်လိုက်တော့ ဂျီမင်ဆီကဖြစ်နေသည်

"ဟာာ ဒီကောင်စောစောပြန်မယ်ဆိုပီးငါ့လိုက်ချောင်းနေတာပေါ့"

ကျွန်တော်တို့နှစ်ယောက်ရဲ့၅စက္ကန့်အနမ်းလေးကိုရိုက်ဖြစ်အောင်ရိုက်ထားသေးး
အဟီးး ဒါပေမယ့်လှသားပဲ wallpaperလေးထားလိုက်မယ် ဂွတ်

အမယ် ဖုန်းတောင်လာခေါ်နေသေး

"ဘာလဲ"

"ငါသိပါတယ် မင်းတို့နှစ်ကောက်မရိုးပါဘူးလို့"

"အဲ့တော့ဘာဖြစ်ချင်"

"ဘာမှမဖြစ်ချင်ပါဘူး ရည်းစားရသွားတော့လေသံက"

"ဓာတ်ပုံအတွက်ကျေးဇူး လှလွန်းလို့wallpaperတောင်ထားလိုက်ပီ"

"တော်တော်ဖြစ်"

"ဖြစ်ဖြစ်ပဲ ဒါပဲဒါပဲ ငါစာလုပ်တော့မယ်"

"အေ မနက်ဖြန်တွေ့မယ်"

•••••••••

"စောက်ကျင့်ယုတ်ပီးငါ့ကိုမုန့်ဝယ်ကျွေးခိုင်းမှာမသိတာကျ ဟွန့်"

ဂျီမင်ရဲ့ဖုန်းကိုချပီးသည်နှင့် တန်းဝင်လာသောဂျောင်ကုရဲ့ဖုန်း

"ဟယ်လို"

"ထယ် ဘယ်သူနဲ့ဖုန်းပြောနေတာလဲ ကိုယ်ခေါ်တော့busyဖြစ်နေတယ်"

"ဂျီမင်နဲ့ပြောနေတာဂျောင်ကုရဲ့ အဲ့ကောင်လေထယ်တို့နောက်လိုက်ချောင်းတယ်တဲ့ စောစောပြန်နှင့်မယ်ဆိုလိမ်သွားပီးး အခုသိသွားပီ"

"ဘယ်လိုလုပ်မလဲ"

"ဘာကိုလဲဂျောင်ကုရဲ့"

"ထယ်ကမသိစေချင်တာကို"

"အဲ့လိုလဲမဟုတ်ပါဘူး မသိစေချင်တာကအဲ့ကောင်တွေကသေအောင်စတာလေအဲ့တာကြောင့်ပါ အခုတော့အေးဆေး"

"ဟုတ်ပါပီ ဒါနဲ့လေ ကိုယ့်ကိုတခြားပြောင်းမခေါ်ချင်ဘူးလား ဂျောင်ကုလို့ပဲခေါ်တော့မှာလား"

"ဂျောင်ကုမို့ ဂျောင်ကုလို့ခေါ်တာပေါ့ ဘယ်လိုပြောင်းခေါ်ရမှာလဲ"

"အင်းပါ ထယ်ပြောင်းမခေါ်ချင်လဲထားပါ အိပ်တော့လေ ကိုယ်လဲအိပ်တော့မယ်"

TAE TAE's BUNNY *Completed*Where stories live. Discover now