Extra 1 ♥

8.3K 620 40
                                    

Unicode

ဒီနေ့ကကိုကိုနဲ့ယောင်းရဲ့မင်္ဂလာပွဲ
အရမ်းစိတ်လှုပ်ရှားကာညကအိပ်မပျော်
ဒီတော့မျက်ကွင်းကညို၊
ယောင်းဟာဒါကိုကဂျီကဂျောင်ကျနေသည်
မိတ်ကပ်ဆရာမလေးဟာလဲငိုမဲ့မဲ့
မျက်ကွင်းညိုနေလို့ဆိုကာ မိတ်ကပ်တွေအသားကုန်ဖိခိုင်းနေလေသည်
ရပါပီဆိုတာကိုလဲစိတ်တိုင်းကမကျ
ညိုနေသေးတယ် ထပ်ဖို့ပေးနဲ့
အခုတော့ မျက်လုံးအောက်နားပဲကွက်ပီးဖြူဖွေးနေလေသည်
ဒါကိုသူစိတ်တိုင်းကျတယ်တဲ့ဗျာ
စိတ်ချမ်းသာလျှင်ပီးတာပါပဲပြောမနေတော့ဘူး
သူ့အလိုမလိုက်ပါဘူး၊သူ့ကိုစိတ်မရှည်ပါဘူးဆိုပီး
ကိုကိုနဲ့မယူနိုင်ဘူးဆိုမှဒုက္ခရောက်နေအုံးမယ်

မိတ်ကပ်ကိုစိတ်တိုင်းကျသွားကာမှ
ကျွန်တော်လဲ ကိုယ့်အဝတ်လဲခန်းနေရာဆီပြန်လာရသည်
ဒင်းလေးရစ်စိန်လုပ်နေလို့ ကျွန်တော့မှာအပြေးလာရသည်လေ ချော့မော့ပီး မညိုတော့ဘူး ယောင်းကတအားလှနေပီ ဘာညာသာတကာ နေကြာကွာစိလုပ်ကာပြောနေရသေးသည်
အိမ်းးး မူကြိုကလေးနဲ့လက်ထပ်ရသလိုပဲ

မင်္ဂလာချိန်လဲနီးပီမို့ အမြန်အဆန်ပင်ပြင်ဆင်ကာ
ဖုန်းဆက်စရာရှိသောကြောင့်ဖုန်းကိုယူလိုက်ကာ

"ဟုတ် ဂျွန်ဂျောင်ကုပါ"

"ခဏနေပွဲစတော့မှာ"

"ဟုတ်တယ်ဗျ ၁၀နာရီခွဲ"

"ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ"

"ဟုတ်ကဲ့ ဒါဆိုဖုန်းချလိုက်တော့မယ်နော်"

"ဟုတ်"

ထူးခြားတဲ့အစီအစဥ်လေးတစ်ခု
ယောင်းအတွက်စီစဥ်ထားခြင်းဖြစ်သည်
ယောင်းပျော်လွန်းလို့ငိုပါငိုနိုင်သည်
ကျွန်တော့ကိုလဲအချစ်တွေတိုးမှာအသေအချာပင်

ပွဲစခါနီးပီမို့ ယောင်းဖေဖေကကျွန်တော့ကိုလာခေါ်သည်
ကျွန်တော်လဲခန်းမထဲသွားကာနေရာယူပီးယောင်းအလာကိုစောင့်နေခဲ့သည်
ခဏအကြာမှာယောင်းဟာသူ့ဖေရေဲ့လက်ကိုတွဲပီး
ကျွန်တော့ဆီသို့လျှောက်လာလေသည်
နတ်သတ်ကြွေလာတဲ့နတ်သားလေးပမာ ယောင်းဟာသတို့သားဝတ်စုံအဖြူလေးနှင့်အရမ်းကိုလှလို့နေသည်
တခုပဲ မျက်ကွင်းကြီးဖြူနေတာကလွဲလို့

You've reached the end of published parts.

⏰ Last updated: Jun 13, 2020 ⏰

Add this story to your Library to get notified about new parts!

TAE TAE's BUNNY *Completed*Where stories live. Discover now