Forever 💝

6.1K 616 22
                                    

Unicode
------------

ငိုလို့လဲဝရော အိမ်ပြန်မည်ဟုပြောလာတာကြောင့်
ဂျောင်ကုကအိမ်ကိုလိုက်ပို့လိုက်သည်
ဂျီမင်နှင့်ဂျီဟွန်းကလဲ တစ်ခုခုဖြစ်လာရင်ပြောဟုမှာသေးသည်

"ယောင်း အဆင်ပြေတယ်မလား"

"ပြေပါတယ်ဆို ကိုကိုကလဲ"

"ကိုကို ဒီညအိပ်ပေးရအုံးမလား"

"ရပါတယ်ကိုကိုရဲ့ ယောင်းတယ်ဘာမှမဖြစ်ဘူး
ကိုကို့မေမေစိတ်ပူနေလိမ့်မယ် ပြန်လိုက်နော်"

"မေမေက ကိုကို ယောင်းနဲ့အတူရှိနေတယ်လို့ပြောလိုက်ရင် အိမ်တောင်ပြန်လာခိုင်းမှာမဟုတ်ဘူး"

"ဒါပေမယ့်လဲ ကိုကို့မေမေကအိမ်မှာတစ်ယောက်တည်းလေ ပြန်လိုက်နော် လိမ်မာပါတယ် မနက်ဖြန်ကျကိုကိုအိမ်ကိုလာကြိုလေ နော်"

"ဟုတ်ပါပီ ယောင်း​အိပ်မပျော်ရင်ဖုန်းဆက်နော် ကိုကိုလာခဲ့လို့ပြောလိုက်တာနဲ့အပြေးလေးလာခဲ့မယ်"

"ဟုတ်ကဲ့ ချစ်တယ်ကိုကို"

"ချစ်တာပေါ့ အသေးလေးကို
ကဲ အိမ်ထဲဝင်တော့"

"ဟုတ်ကိုကို"

"ယောင်း ခဏ!"
ပေကလပ် ပေလကပ်နှင့် လှည့်ကြည့်လာသောအသေးလေးကို နဖူးပေါ်အနမ်းတစ်ပွင့်ခြွေရင်း

"ကိုကိုက အိမ်မက်ဆိုးတွေယူပစ်လိုက်ပီ"

ယောင်းက နှုတ်ခမ်းလေးကိုတစ်ချက်ဖိနမ်းကာ
"ယောင်းက ကိုကို့ကိုအချစ်ခွန်အားတွေပေးလိုက်ပီ"

စကားအလွန်တတ်သော ချစ်စရာလူသားငယ်လေးကြောင့် ပြုံးမိသွားသည်
ပါးလေးကိုဖွဖွလေးဆွဲရင်း ဆံပင်လေးဖွကာ

"ညစာလဲစားရမယ်နော်
ဝင်တော့ အိမ်ထဲ"

"တာ့တာကိုကို"

ယောင်းအိမ်ထဲဝင်လို့ တံခါးပိတ်သည်အထိကြည့်နေရင်း
အိမ်ပေါ်ထပ်ခန်းက ယောင်းအရိပ်လေးမြင်တော့
ဖုန်းကောတစ်ခုဆီသို့

"ဟယ်လို အန်တီ"

"အော် ဂျောင်ကု သားဘာဖြစ်လို့လဲ"

"သားပြောစရာလေးရှိလို့ပါ"

"အေ ပြောလေကွယ်"

TAE TAE's BUNNY *Completed*Where stories live. Discover now