ဒီမနက်မြူတွေကျနေတာ မြင်တော့
အအေးဒါဏ် မခံမနိုင်တဲ့ မင်းအကြောင်းတွေးမိတယ်
မင်းနေမှကောင်းရဲ့လား အရင်လိုဆေးတွေမသောက်ပဲ လွှင့်ပစ်နေတုန်းလား ကိုယ်နဲ့မသက်ဆိုင်သူကို စိတ်ပူပေးမိပြန်တယ် ညဘက်အိပ်မက်တွေထဲမှာ မင်းပါလာတတ်တဲ့အခါ ကိုယ့်ရဲ့ညတာတွေကိုဆွဲဆန့်ပစ်ချင်ရဲ့ ကိုယ်တို့ဟာအနီးဆုံးမှာရှိ ပြီးစိတ်ချင်းဝေးသူတွေ တစ်ယောက်ကိုတစ်ယောက်နားမလည်နိုင်ခဲ့ကြ
မသက်ဆိုင်သူရေ မင်းပြိုလဲတဲ့အခါ
ငါ့ကိုသတိရပေးပါ
မသက်ဆိုင်သူရေ မင်းဝမ်းနည်းတဲ့အခါ
ငါ့ကိုသတိရပေးပါ
ငါဆိုတာ မင်းအတွက် လိုသုံးဆိုရင်တောင် ကျေနပ်နေတဲ့ကောင်မျိုးရယ်ပါ ......16.2.2020
YOU ARE READING
ဝေးကွာခြင်းတိမ်တိုက်များ
Poesíaနီးစပ်ခြင်း မနီးစပ်ခြင်းမှာ အကြောင်းပြချက်မရှိပါ ချစ်မြတ်နိုးခြင်းဟာ 'မင်းနာမည်'နဲ့မို့ ...