"အသွားအပြန်မလာတဲ့ရူးနှမ်းမှုဟာ မေတ္တာချစ်ခြင်းတဲ့ "
ဒီလိုရူးနှမ်းမှုတွေကြားမှာ ကျွန်တော်အချိန်ဘယ်လောက်အသုံးပြုခဲ့ပြီးပြီလဲ
ကျွန်တော်သိသလောက်တော့ ၂နှစ်ကျော်ခဲ့ပြီ
ဂုတ်ထောက်ဆံပင်တွေဟာ ပုခုံးကျော်ခဲ့ပြီ
make upတွေအသုံးပြုတတ်ခဲ့ပြီ
မြန်မာဝတ်စုံတွေဝတ်ပြီးကနွဲ့ကလျနဲ့ရှိခဲ့ပြီ
ဒါတွေက ကျွန်တော့်ရူးနှမ်းမှုပြောရင်
ခင်ဗျားလှောင်ရယ်နေမလားပဲ
အချစ်ကလူတစ်ယောက်ကိုပြောင်းလဲစေတယ်တဲ့
ဒီစကားကို ကျွန်တော့်ကိုယ်ကျွန်တော်ကြည့်ပြီး ယုံကြည်ခဲ့မိ
"နောက်ဆိုရင် နောက်ဆိုရင် မျှော်လင့်ခြင်းကင်းတဲ့စိတ်နဲ့အသက်ရှင်ချင်တော့တယ်"
ခင်ဗျားပြန်ချစ်မှာပါဆိုတဲ့ မျှော်လင့်ခြင်းတွေမရှိပဲ အသက်ရှင်ချင်တော့တယ်
အသွားအပြန်မရှိတဲ့ချစ်ခြင်းမေတ္တာမှာ
ကျွန်တော်ကသာသာဆက်ချစ်နေရုံ......(နောက်ဆိုရင်=ဖြိုးပြည့်စုံ)
29.2.2020
YOU ARE READING
ဝေးကွာခြင်းတိမ်တိုက်များ
Puisiနီးစပ်ခြင်း မနီးစပ်ခြင်းမှာ အကြောင်းပြချက်မရှိပါ ချစ်မြတ်နိုးခြင်းဟာ 'မင်းနာမည်'နဲ့မို့ ...