Mina "နင်တို့ပြန်လာကြပြီလား"
Li "aw ayy...ငါတို့သေရင်တောင်နင်တို့ သိလိုက်မှာ မဟုတ်ဘူး သိလား ရှေ့ကသွားတာ နောက်တောင်လှည့်မကြည့်ဘူး"
Mina "စကားများလိုက်တာဟယ်...အခုရော နင်ဘာဖြစ်လာလို့လဲ"
Li "သေမလို့ဟေ့ သေမလို့"
Mina "နင်ကဘာလို့ သေမှာလဲ ဘာရောဂါမို့လို့လဲ"
Li "ဟာ...ဒီငတုံးမကိုရှင်းရတာ ငါအသက်ထွက်တော့မယ် ငါဘာဖြစ်တာ နင်မြင်လို့လဲ"
Mina "နင်ဘာမှမဖြစ်ဘူးလေ ငါမြင်သားဘဲ"
Li "နင်ငါ့ကို ဘာလို့ အပိုတွေမေးနေသေးလဲ sana ရေ...လာပါအုံး ဒီမှာunnie ကားတိုက်မလိုဖြစ်လို့ အဲ့တာလာတွဲပါအုံး"
Sana "ဟဲ့ ဘယ်လိုဖြစ်လာကြတာလဲ"
Li "aw...ငါ့နဲ့ နင်တို့၂ယောက်ကိုဘဲရှင်းနေရတယ် ဒီလိုဟေ့ ဒီလို..."
liလဲဖြစ်ခဲ့သမျှ အစအဆုံးကိုပြန်ရှင်းပြလိုက်သည်
Mina "aw...ဒီလိုလား ငါ့unnieနဲ့ငါ့သူငယ်ချင်းလေး သနားပါတယ်"
Li "တော်ပါ...အခုunnieကို နားဖို့ပြင်ပေးလိုက်တော့ ငါလဲသွားနားတော့မယ် စိတ်ရော လူရော ပင်ပန်းလာပြီ"
Sana "အေး" lisa...သွားနားတော့"
Li pov : "li ပျော်ပါတယ် သူ့နာမည်လေးနဲ့ သူ့အကြောင်း တစွန်းတစလေးကို li သိခဲ့ရပြီလေ ရှေ့မဆက်ချင်ပါဘူး ဒီတိုင်းလေးဘဲ သူ့ကိုခိုးကြည့်နေရရုံနဲ့ လုံလောက်ပါပြီ li နဲ့ သူ ဆိုတာလဲ မဖြစ်နိုင်ဘူးလေ"
lisaလဲဖြစ်ခဲ့သမျှ အစအဆုံးကိုပြန်ရှင်းပြပြီး အခန်းထဲဝင်ပြီး ဒီနေ့ဖြစ်ခဲ့သမျှ တွေကို diary ထဲချရေးပြီး အိပ်ယာဝင်ခဲ့လိုက်သည်
နောက်နေ့မနက် ကျောင်းရောက်တာနဲ့ lisa သူ့ရဲ့ဝက်ဝံပေါက်စလေးကို လိုက်ရှာနေမိသည်
ကျောင်းရောက်ထဲကရှာနေတာ ခုမုန့်စားကျောင်းဆင်းချိန်ထိ မတွေ့မိသေးဘူး ကျောင်းဆင်းချိန်ထပ်ရှာတော့လဲမတွေ့ဘူး...
တနေ့ကုန် သူနဲ့မတွေ့ရတော့ အိမ်ကိုသာပြန်လာခဲ့ လိုက်သည်