Part 13

2.5K 105 3
                                    

Jen "jenမှာ ကားမပါလာဘူး mina... jen ကို li ဆီလိုက်ပို့ပေးပါအုံး ကူညီပါနော်"

Mina "အင်း...အဲ့တာဆိုလဲ လိုက်ပို့ပေးမယ် လာ...မြန်မြန်သွားရအောင်"

Jenနဲ့mina လဲ လေဆိပ်ကအထွက် mina ဆီကို lisa ဖုန်းဝင်လာတာမို့လို့ မြန်မြန် ဖုန်းပြန်ဖြေလိုက်သည်

Mina "ဟဲ့...နင်ဘယ်မှာလဲ lalisa ငါတို့အခု တိုက်ခန်းကို လာခဲ့မယ် jen ပါပါတယ် နင်အဲ့မှာဆိုလဲ ငါတို့ကို စောင့်နေ"

Girl "ခဏလေးရှင့်... အခုဒီဖုန်းပိုင်ရှင်က car accident ဖြစ်လို့ ကျမတို့ ဆေးရုံပို့ထားရတယ် အဲ့တာ သူ့ဖုန်းထဲမှာတွေ့တဲ့ နံပါတ်ကို ခေါ်လိုက်တာပါ"

Mina "ဘာ!!!...သူအခုဘယ်မှာလဲ"

Girl " ***ဆေးရုံမှာပါ အခန်းနံပါတ် 239 မှာရှိပါတယ်"

Mina "အိုကေ...အခုချက်ချင်း လိုက်ခဲ့မယ်"

ဖုန်းပြောပြီး ချက်ချင်း ကားပေါ်အမြန်တက်ပြီး မျက်နှာ မကောင်းဖြစ်နေတဲ့ mina ကိုကြည့်ပြီး jen စိတ်ပူနေမှုက အထွတ်အထိပ်

Jen "mina ဘာဖြစ်တာလဲ...ခုနကဖုန်းကရော li ဆက်တာမလား သူဘာပြောလို့လဲ"

Mina "lisa မဟုတ်ဘူး jennie"

Jen "အဲ့တာဆို ဘယ်သူလဲ... နင်ကဘာလို့ အဲ့လောက် စိတ်ပူတဲ့ပုံ ဖြစ်နေရတာလဲ"

Mina "lisa...lisa"

lisaနာမည်ပြောပြီး ငိုနေတဲ့ mina ကိုကြည့်ပြီး ထုရိုက်ပစ်ချင်စိတ်တွေ ဖြစ်လာသည်

Jen "mina!!!!ငါစိတ်ပူလို့သေတော့မယ် ဘာဖြစ်လဲ ဆက်ပြော li ဘာဖြစ်တာလဲ"

Mina "သူ car accident ဖြစ်လို့ အခုဆေးရုံမှာတဲ့"

Jen "ဘာ!!!ဘယ်လိုဖြစ်ရတာလဲ နင်စောစော မပြောဘူးဟာ...မြန်မြန် မောင်းပါ ကားကို ဆေးရုံရောက်အောင် မြန်မြန် မောင်းပေးပါ mina ရယ်"

Jenလဲ ငိုနေရင်းမှ jisoo နဲ့ chae ကိုသတိရပြီး အမြန် ဆေးရုံ လိုက်သွားဖို့ ပြောလိုက်သည်

ခဏကြာတော့ jenနဲ့ mina လဲ ဆေးရုံရောက်လာပြီး ခွဲခန်းရှေ့မှာ ရပ်စောင့်နေတဲ့ jisoo နဲ့ chae ကိုမြင်တော့ ပြေးဖက်လိုက်ပြီး ရှိုက်ကြီးတငင်ငိုနေတော့သည်

နွေဦးWhere stories live. Discover now