Li "ငါဒီနေ့ ကျောင်းစောစော သွားမှာမို့လို့ မနက်စာ မစားသွားတော့ဘူး တာ့တာ သွားပြီ"
သူငယ်ချင်း ၂ယောက်ကို မြန်မြန် နှုတ်ဆက်ပြီး ကျောင်းကို ထွက်လာခဲ့လိုက်သည်
ညထဲက unnie ji ကိုဖုန်းဆက်ချိန်းပေမယ့် lisa အိပ်ယာထနောက်ကျနေတာမို့လို့ ချိန်းထားတာထက် အနည်းငယ် နောက်ကျနေပြီဖြစ်သည်Mina "lisa ဒီရက်ပိုင်း တယောက်ထဲနဲ့ ပြာယာကိုခတ်နေတာဘဲ ဘာဖြစ်နေမှန်းမသိဘူး"
Sana "နင်မသိသေးဘူးလား Mina??"
Mina "ဟမ်?ဘာကိုလဲ...ငါကဘာကို သိရမှာလဲ"
Sana "aw...ဟုတ်သားဘဲ နင်ကဂျပန် ပြန်နေတာ ခုမှပြန်ရောက်တာ ဘယ်သိအုံးမလဲ
ဒီလို...lisa နဲ့ Jennie နဲ့အဆင်ပြေသွားပြီလေ အဲ့တာ အခု တွဲတောင် တွဲနေကြပြီ"Mina "ဘာ!!"
Sana "ဖြည်းဖြည်းအော်ပါ နင်ကလဲ လန့်လိုက်တာ"
Mina "ငါသွားတာ ခဏလေးပါ ဘယ်လိုဖြစ်လို့ အဲ့လောက်မြန်ရတာလဲ"
Sana "နင်သွားတဲ့ညကဘဲ lisa အိမ်ပြန်ရောက်တော့ ငိုပြီး သတိမေ့သွားတယ်"
Mina "ဘယ်လို...lisa ငိုတယ်?? ဘာဖြစ်လို့ ငိုတာလဲ??"
Sana "အဲ့တာတော့ငါလဲသေချာမသိဘူး အဲ့ရက်ပြီး နောက်ရက်မှာဘဲ သူတို့အဆင်ပြေသွားတယ် ပြောတာဘဲ"
Mina "မြန်လိုက်တာဟာ...lisa အချစ်ကိုရဖို့ အဲ့လောက်မြန်တာလား"
ပြောပြီးငိုနေတဲ့ mina ကိုကြည့်ပြီး ဘာမှနားမလည် ဖြစ်နေသော sana
Sana "ဟဲ့...နင်ကဘာလို့ ငိုနေရတာလဲ မဟုတ်မလွဲရော နင်lisaကို..."
Mina "ဟုတ်တယ် ငါlisaကိုချစ်နေတာ မြင်မြင်ချင်းကတည်းကချစ်ခဲ့တာ အဲ့တာကြောင့် တအိမ်ထဲမှာ တူတူနေဖို့ သူ့ကိုစိတ်ချမ်းသာစေ တာတွေဘဲ ငါလုပ်ပေးခဲ့တာ"
Sana "Mina ရယ်... နင်အစကတည်းက ပြောခဲ့ရမှာ lisa ကိုမဟုတ်ရင်တောင် ငါ့ကို ပြောပြခဲ့သင့်တယ်"
Mina "ငါမှားတာပါ အကုန်လုံးငါ့အပစ်ပါ ချစ်ခဲ့မိတာလဲ ငါ့အပစ်ဘဲ နီးစပ်ဖို့မကြိုးစားခဲ့တာလဲ ငါ့အပစ်ပါဘဲဟာ"