Jen "ဒါဆို jen က ruby မှန်း ဘယ်လိုသိနေခဲ့တာလဲ noban.. ဘယ်ချိန်ထဲကသိနေခဲ့တာလဲ"
Li "သိလိုက်တာကတော့ ဒီနေ့မှဘဲ အရင်နေ့တွေက သတိမထားမိပေမယ့် ဒီနေ့ မနက်မင်းနဲ့ စကားပြောရင်း မင်းရဲ့ညာဘက်လက်က အမာရွတ်ကိုတွေ့လို့ အဲ့တုန်းက မင်းလက်သံဆူးသွားတာကို ငါသတိရသွားတာ ပြီးတော့ choco milk...
ငါchoco milkကြိုက်တာကို ငါရဲ့unnie ireneရယ် ruby janeဆိုတဲ့ ကောင်မလေးရယ်ကလွဲပြီး ဘယ်သူမှမသိဘူး"Jen "အဲ့တာကြောင့်လား Noban...ဒါဆို Noban က jen ထင်သလို jenကိုလှောင်ခဲ့တာ မဟုတ်ဘူးပေါ့ တချိန်လုံးလိုက်ရှာနေခဲ့တာပေါ့ ဟုတ်လား"
Li "မဟုတ်ဘူး...ငါရှာနေတာတော့မှန်ပါတယ် ဒါပေမယ့်မင်းကိုမဟုတ်ဘူး အရင်ကruby janeကို ငါသူ့ကိုတရက်လေးမှမေ့မရခဲ့ဘူး ဒါပေမယ့် ဒီကိုရောက်တဲ့အချိန်မှာ Jennie Kimဆိုတဲ့ မင်းကိုချစ်ခဲ့မိတယ် ဒါပေမယ့် ruby jane နဲ့ jennie ဆိုတာတယောက်ထဲဆိုတာ ငါမသိခဲ့လိုက်ဘူး"
Jen "အခုသိရပြီမလား Noban...jen က noban ကိုဟိုးအရင် ၄နှစ်ထဲက စချစ်ခဲ့ရတာ အခြေအနေတွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်ရတာပါ Noban ရယ်"
Li "Noban??ငါ့နာမည်lalisaပါ... nobanဆိုတာ ငါ့ရဲ့အချစ်ဦး ruby janeဆိုတဲ့ ကောင်မလေးတယောက်ဘဲ ခေါ်ခွင့်ရှိတယ် မင်းအဲ့နာမည်မခေါ်ပါနဲ့"
Jen "ဟုတ်ပါပြီ Noban ရယ်...sorry ... li ရယ် ruby janeဆိုတာလဲ jenဘဲလေ li သိနေတာဘဲ"
Li "ဟင့်အင်း မဟုတ်ဘူး ငါသိတဲ့ ruby jane ဆိုတာ အနေအေးတယ် ဖြူစင်တယ် တခြားလူကို စာနာတတ်တယ် ငါ့ကိုလဲဂရုစိုက်တယ် အခုမင်းက ငါ့ကိုတခြားလူရှေ့မှာ အရှက်ခွဲတယ် ငါ့အချစ်ကိုလဲစော်ကားတယ် အရင်ကနဲ့တူတာတခုဘဲရှိတယ် ruby jane ဖြစ်ဖြစ် Jennie Kimဖြစ်ဖြစ် ငါ့နှလုံးသားက ငြင်းလို့မရခဲ့ဘူး"
Jen "li...Jenမှားခဲ့တာပါတောင်းပန်ပါတယ် li ကိုအရှက်ခွဲချင်လို့မဟုတ်ပါဘူး li အချစ်ကိုစော်ကားတာလဲ မဟုတ်ရပါဘူး li ရယ် အရင်က jen တယောက်ထဲအထင်နဲ့ အဖြစ်မှန်ကိုမသိဘဲ li ကိုမုန်းခဲ့တယ် jem အရှက်ရခဲ့ရသလို li ကိုလဲ အရှက်ရအောင် ပြန်လုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ် ဒါပေမယ့် li ကိုပြန်တွေ့တဲ့အချိန်မှာ နှလုံးသားက li ကို မုန်းပစ်ဖို့ ခွင့်မပြုခဲ့ဘူး"