(Unicode)
မနက်ခင်းဟာ ပုံမှန်နေ့တွေလိုပါပဲ။
ကော်ဖီပူပူတစ်ခွက်က မျက်လုံးဖွင့်လိုက်တာနှင့် စားပွဲပေါ်မှာအသင့်။
တစ်ဖက်အိမ်က ကြောင်ဖြူကြီးရဲ့ အော်သံကိုလည်းကြားရသေးတယ်။
ခွေးပေါက်လေးကိုအနိုင်ကျင့်နေပြန်ပြီထင်ပါရဲ့။အားလုံးပြင်ဆင်လို့ပြီးတဲ့အခါ သူ့ရဲ့ရုံးအိတ်လေးကိုလည်း မေမေကအသင့်ပြင်ထားပြီးပြီ။"Jungkook ကားကိုဂရုတစိုက်မောင်းနော်"
"ဟုတ်ကဲ့ Omma ကျွန်တော်သွားပြီ.."
"ဒီညနောက်မကျနှင့်နော်.."
"စိတ်ချပါ.."
မီးပွိုင့်မိတဲ့မနက်ခင်းတွေက Jungkookအတွက် စိတ်ပျက်ဖွယ်နေ့တွေ။မီးပွိုင့်ဘေးကပန်းဆိုင်မှာ အနီရောင်ကျူးလစ်တွေကရဲရဲနီလို့ရယ်။
Jeon Jungkookဟာ ကုမ္ပဏီကြီးတစ်ခုက marketingဌာန၏မန်နေဂျာတစ်ဦး။၈နာရီခွဲဆိုတဲ့အချိန်မှာ သူရုံးကိုရောက်သွားသည်။
ကံကောင်းလို့နောက်မကျခြင်းပင်...။"မန်နေဂျာJeon.."
မျက်နှာပျက်နေတဲ့ကောင်မလေးက ဖိုင်တစ်ခုနှင့်အတူ ဖုန်းတစ်လုံးကိုပါပေးလာတယ်။သူဖင်တောင်သေချာမကျသေးဘူး။ပြဿနာတွေကရောက်လာပြီ။ပြောသားပဲ မီးပွိုင့်မိတဲ့နေ့တွေက သူ့တစ်နေ့တာကို ကံမကောင်းစေတတ်တော့ဘူး။
Jungkook ဖုန်းပြောပြီးတဲ့နောက် ပြဿနာဖြစ်တဲ့mallကိုသွားဖို့ပြင်ရတယ်။Orderတွေမကိုက်ဘူးလို့ Complainတက်လာခြင်းက သူတို့ဌာနနှင့်မဆိုင်ပေမယ့်လည်းပေါ့။
စီမံဌာနကအမြဲပြဿနာရှာလွန်းတယ်။"ကျွန်တော်တင်ထားတဲ့ Orderကဒီပစ္စည်းတွေမဟုတ်ဘူးဗျ အခုကအားလုံးကတလွဲတွေဖြစ်နေတယ်"
"တောင်းပန်ပါတယ် အားလုံးအဆင်ပြေအောင်ပြန်လုပ်ပေးပါ့မယ် နမူနာပုံစံအတွက်ရောရပြီးပြီလား မသိဘူး..."
"နမူနာလည်းရောက်မလာသေးဘူး မနက်ဖြန်အမှီပို့ပေးနိုင်မလား ကျွန်တော်တို့က ခင်များတို့အတွက်
နေရာချန်ထားပေးရတာ မဟုတ်ရင် အခြားလူကိုပေးလိုက်တော့မယ်...""မနက်ဖြန် ရစေရပါမယ်..လက်တွဲလုပ်လာတာကြာနေပြီပဲကို လုပ်ပါဗျာ..."
