📟 (2)

2K 167 2
                                    

(Unicode)

ပုံမှန်နေ့တွေထက် သူပိုပြီးစောစောနိုးလာသည်။မြင်နေကျ မျက်နှာကျက်တွေက ဒီနေ့မှလှနေသလို။ကော်ဖီပူပူကလည်း ပုံမှန်ထက် ပို၍ ချိုနေသယောင်။
Appaနှင့်အဆင်မပြေဖြစ်ခဲ့တာတောင် မနက်ခင်းက သာယာလွန်းနေတာ ပုံမှန်တော့မဟုတ်ချေ။Appaနဲ့လဲ ထိနေ့က ကိစ္စပြီးကထဲက စကားမပြောဖြစ်ခဲ့။
ထို​ေန့ကမစားလိုက်ရတဲ့မိသားစုလက်ဆုံစားပွဲကို မနက်ခင်းမှာအတူတူစားဖြစ်သည်။အမြဲအလုပ်သွားရလို့မအားလပ်နေတဲ့ သူ့ဘ၀မှာ မနက်စာဆိုတာ သေချာမသိခဲ့ရ။ကော်ဖီတစ်ခွက်နှင့်အတူ ပေါင်မုန့်ကိုပါးစပ်မှာကိုက်ပြီးပြေးရတဲ့အချိန်တွေကသာ များများဖြစ်သည်။

"ဟိုတစ်နေ့ကကျွန်တော့်အမှားပါ Appa
နောက်မဖြစ်စေရတော့ပါဘူး...."

"ဒါကတိပေးတာလားJungkook
ပြောပြီးမှစကားမတည်တာမျိုးတွေ ငါမကြိုက်ဘူး"

"ဟုတ်ကဲ့.."

Appaရဲ့ဆူပူသံကိုတောင် သာယာနေသလိုခံစားနေရပြန်သည်။
သူပုံမှန်မဟုတ်တော့တာတော့ အမှန်ပင်...။

ကံကောင်းသည့်နေ့ဟုဆိုရမလား မီးပွိုင့်လည်းမမိသလို
လမ်းဘေး ပလက်ဖောင်းတွေက ဒီနေ့မှအတော်သန့်ရှင်းနေသလို။
လမ်းတစ်လျှောက်အရာရာတိုင်းက သူ့အတွက် လှပနေတော့တာပါပဲ။

"မန်နေဂျာJeon Mall မန်နေဂျာဆီက
ဖုန်းလာပါတယ် ပစ္စည်းတွေရောက်ပါပြီတဲ့
အားလုံးအဆင်ပြေတယ်ပြောပါတယ် မနေ့ကသူလွန်ခဲ့တာတွေအတွက်လည်း တောင်းပန်ပါတယ်တဲ့"

"ဒါပေါ့ စီးပွားရေးမိတ်ဖက်တွေပဲ ဗွေမယူပါဘူးပြီးတော့ Semi shi မင်းဒီနေ့တော်တော်လှနေတာပဲ"

"ရှင်..."

"ကြိုးစားထား ဒီနေ့ကောင်းကောင်းလုပ်ကြတာပေါ့.."

မနေ့ကလူသတ်တော့မလို မျက်နှာနှင့် မန်နေဂျာJeonက ဒီနေ့ကျတော့ အခြားလူတစ်ယောက်လို။

"ဌာနမှူးဘယ်သွားမလို့လဲ..."

"စီမံဌာနကိုအစီရင်ခံစာသွားပို့မလို့ပါ မန်နေဂျာJeon "

"ဟုတ်လား ခင်များကတကယ်အလုပ်ကြိုးစားတာပဲကျွန်တော် ခင်များကိုအရမ်းလေးစားတာပဲ.."

Literally In LoveWhere stories live. Discover now