(Unicode)
သရက်သီးကိတ်လေးကို Jungkookလက်လှမ်းလိုက်သည်။
ဒီနေ့က Ommaရဲ့မွေးနေ့ဖြစ်သလို သရက်သီးကိတ်က Omma အကြိုက်ဆုံးမို့ပင်။
ဖြစ်ချင်တော့ သူမယူသေးခင်မှာပင် လက်တစ်စုံက ထိုကိတ်ကိုယူသွားသည်။"ဟေ့ ဒီမှာ ခဏလောက်ပါ"
တစ်လုံးထဲကျန်တော့သည်မို့ Jungkook အလောတကြီးတားမိသည်။
"ကျွန်တော့်ကို ခေါ်တာလား..."
ပြန်လှည့်ကြည့်လာတဲ့ကောင်လေးရဲ့ အသံကအနည်းငယ်ခပ်ရှရှခပ်ကြီးကြီး။Taehyung? တိုက်ဆိုင်လိုက်တာ။
ထူးခြားစွာ ပြည့်စုံလွန်းတဲ့ မျက်နှာပေါက်မျိုးမို့ Jungkookအလွယ်တကူမှတ်မိနေပါသည်။"Jungkook? ဟုတ်တယ်မလား..."
လေးထောင့်ဆန်ဆန်အပြုံးနှင့်အတူ ပြန်မေးလာတဲ့ Taehyungကလည်း သူ့ကိုမှတ်မိနေခဲ့သည်။
.
."ဒီကိတ်ကို ပြန်ရောင်းပါလို့ပြောတာလား.."
ဘေးခုံမှာချထားတဲ့ ကိတ်လေးကို လှည့်ကြည့်ရင်း Taehyungမေးလာသည်။
Jungkookခေါင်းညိမ့်ပြလိုက်သည်။အကြောင်းအရင်းကိုတော့ ပြောမပြမိချေ။သူစိမ်းတစ်ယောက်မို့ မလိုအပ်ဘူးထင်မိ၍။"ကျွန်တော့်သူငယ်ချင်းကစားချင်တယ်ဆိုလို့ ဝယ်လာတာ ဒါနှင့် Jungkookက ဘာလို့လဲ..."
စားပွဲပေါ်က ကော်ဖီကိုတစ်ချက်ယူသောက်ရင်း မျက်နှာမဲ့သွားသည့် Taehyung။
"ကျွန်တော့် Omma အတွက်ပါ.."
"ဟုတ်လား ဒါဆိုယူသွားပါ ပြန်ပေးစရာမလိုပါဘူး ကျွန်တော့်ကိုကူညီလို့ ပြန်ကျေးဇူးဆပ်တယ်ပဲထားပါ ပြီးတော့ မနေ့က Jungkookကိုတင်နေတဲ့ အကြွေးကိုရော ကျွန်တော်ပြန်ပေး..."
Jungkookလက်ကာပြလိုက်သည်။
အများကြီးမှမဟုတ်တာ။ဒီလောက်ထိတွက်ကပ်နေစရာမလိုပါဘူးလေ။ကိတ်ဖိုးပေးရင်တောင် Taehyungပုံက ယူမည့်ဟန်မပြ။"ရပါတယ် ကျွန်တော် ဝယ်ကျွေးခဲ့တယ်ပဲထားလိုက်ပါ အများကြီးမှ မဟုတ်တာပဲ"
Taehyungက ခေါင်းတဆတ်ဆတ်ငြိမ့်ကာပြောလာသည်။
"ဒါဖြင့်ရင်လည်း ကျွန်တော်အားမနာတော့ဘူး..."
