part 18

3.6K 210 2
                                    

ရှောင်ကျန့်တို့ အကြာကြီးစကားလက်ဆုံပြောကြပီး အိမ်ကိုအပြန်မှာရှောင်ကျန့်မားကဒ်တစ်ခုကိုဝင်ပီး အိမ်အတွက်လိုတာလေးတွေဝယ်ရင်း သူကောင်တာမှာရေးထားတဲ့စာတစ်ခု
        
              Wang Company
*စာရင်းကိုင် ကျား တစ်ဦးအလိုရှိသည်*
             
ဆိုတဲ့စာတန်းလေ အချိန်ကိုကြည့်လိုက်တော့မနေ့ကမှကပ်ထားတာပေါ့

"ညီလေးအဲ့ နေရာကိုဘယ်လိုသွားရမလဲ"

ဆိုပီးကောင်တာကကောင်လေးကို‌မေးပီး နေရာကိုမေးလိုက်တယ် အဲ့အလုပ်ကသူနဲ့ ကိုက်တဲ့အလုပ်ပဲဆိုပီး မနက်ဖြန်သွားလျောက်ဖို့ပြင်လိုက်တယ်

"အကိုရိပေါ်..."

"ပြောပါ ကလျာဘာကိစ္စရှိလို့လဲ"

"အကိုခိုင်းထားတဲ့ အလုပ်ခေါ်စာတွေကို စူပါမားကဒ်‌‌တွေ
မှာကပ်ပီးသွားပါပီ "

"အော် အေးပီးရော
ပီးတော့လေ ....
ပီးတော့....."

ကလျာတစ်ခုခုပြောချင်နေတယ်ထင်တယ် အစကတော့ကျနော်သူ့ကိုမကြည့်ဘဲနဲ့ အလုပ်ကိုသာအာရုံစိုက်ရင်းပြန်ပြောနေတာ သူ့ ‌နောက်ဆုံးစကားကြောင့်ခေါင်းမော့ပီး သူ့ကိုတည့်တည့်ကြည့်လိုက်တော့

"ကလျာ အဖေကနေ မနက်ဖြန်ပြန်လာမယ်လို့ အကိုရိ‌ပေါ်ကိုပြောခိုင်းလို့ပါ "

"အေး ‌"

ရိပေါ်ရဲ့တုံ့ပြန်ချက်ကြောင့်ကလျာက ရုံးခန်းထဲကထွက်လာလိုက်သည်
ရိပေါ်အဖေနဲ့အမေဆုံးတော့ ရိပေါ်ကသူ့အဖေအခန်းထဲကိုသွားကြည့်ရင်းတွေ့လိုက်တာက သူ့အဖေနဲ့ ရွယ်တူနှစ်ယောက် သူ့အဖေနဲ့ဆို သုံးယောက်ပေါ့ပြုံးရွင်နေတာပဲ သူ့အဖေကအလယ်ကပေါ့ ဘယ်ဘက်ကဦးလေးကြီးကတော့ အခုကျနော့်ရုံးမှာ အတွင်းရေးမှုးအဖြစ်လာလုပ်နေတဲ့မိန်းကလေးလေရဲ့အဖေ

ကလျာဆိုတာ သူသူ့အဖေနဲ့ရိ‌ပေါ်အဖေတို့ကသူငယ်ချင်းတွေလေ သူ့အဖေကကျနော့် companyမှာရှယ်ယာ ဝင်ထားတာလေ သူ့အဖေကတော့ ကျနော့်ကိုသူ့သမီးနဲ့ အတင်းလက်ထက်ခိုင်းနေပင်မဲ့ ကျနော်ကတော့သူ့ကိုညီမလေးတစ်ယောက်လိုပဲ ဆက်ဆံတယ် ကလျာဘက်ကတော့သူ့အပေါ်ကိုစိတ်ယိုင်နေမှန်း သိတော့ရိပေါ်ကမာမာပဲဆက်ဆံတယ် ဘာကြောင့်လဲဆိုတော့သူ့ရင်ထဲမှာလူတစ်ယောက်ရှိပီးသားမို့လို့ပါ
ရိပေါ်ဆေးရုံကဆင်းပီးကျောင်းပြန်တက်နေတဲ့ အချိန်အတွင်းမှာသူတကယ်ပဲ သူရှောင်ကျန့်ကိုမတွေ့ရတော့
လွမ်းတဲ့စိတ်ကနေ အချစ် အချစ်ဖြစ်လာခဲ့တယ် အစကတော့ကျနော်လက်မခံချင်ပင်မယ် ကျနော် အချစ်ကိုကျန့်ကောနဲ့စသိခဲ့တယ် ကျန့်ကောကပဲသူ့ကိုချစ်တက်အောင်‌သင်ပေးခဲ့တယ် အခုတော့သူကျနော့်နားမှာမရှိတော့ပင်မဲ့ သူကျကျန်ခဲ့တဲ့ဆွဲကြိုးလေးကိုကျနော် သွားတဲ့နေရာတိုင်းယူသွားပီး အမြဲတမ်းထုတ်ကြည့်တယ် သူတို့မိသားစုပုံလေးကို အလွမ်းဖြေရင်းပေါ့

💚You teach me What's love♥️(Completed)(Z & U)Tempat cerita menjadi hidup. Temukan sekarang