Unicode
"ဝူး... ဝူး..."
ဆောင်းရာသီရဲ့ မနက်ခင်းက အေးစိမ့်မနေအောင် မအေးသော်လည်း အေးချမ်းတဲ့ ခံစားချက်ကိုတော့ ခံစားရနိုင်သေးသည် ... တိမ်ကင်းစင်၍ သာယာသော ကောင်းကင် နှင့် ရာသီဥတုကြီးက အပျင်းပြေ ခြံထဲမှာ ဆော့ကစားဖို့ အသင့်တော်ဆုံး အချိန် ဖြစ်သည် ...
အခွင်းအရေးကို လက်လွတ်မခံတဲ့ ကလေးငယ်လေးတစ်ယောက်ကတော့ ကောင်းကင်ပြာသူ၏ ကားရုပ်လေးကို လေပေါ်ပျံစေခိုင်း၍ သူ့စိတ်ကူးအတိုင်း ဆော့ကစားနေသည်..
အေးစိမ့်စိမ့်လေလေးတွေက ကလေးကို ရိုက်ခတ်သောသလို ကလေး၏ ဆံသားနုနုလေးမှာလည်း ကလေးငယ်၏ ပြေးသည့်အရှိန်နှင့် လိုက်၍လေထဲမှာ ဝံပျံနေ၏ ... ပါးဖောင်းဖောင်းလေးနှစ်ဖက်မှာလည်း မောပန်း၍နီဆွေးလို့နေသည်..
လွန်ခဲ့သော ရက်အချို့က ကောင်းကင်ထက်တွင် ပျံသန်းသွားသော လေယာဉ်ပျံကြီးကို ထိုကလေးငယ်က မြင်ပြီး အလွန့်အလွန်သဘောကျသွားသည်.. သို့ပေမဲ့ သူ့မှာ ကစားရန် လေယာဉ်ပျံအရုပ်မရှိ၍ ရှိနေသော ကားရုပ်လေးကိုသာ လေယာဉ်ပျံအဖြစ်မှတ်ယူကာ ပျံသန်းဟန်လုပ်၍ဆော့ကစားနေသည်..
မြတ်ကောင်းကင်လေးမှာ ၅ နှစ်သာရှိသေးသော ကလေးငယ်လေးဖြစ်သည့်တိုင် ကလေးဆိုသည်နှင့်မလိုက်အောင် ရောင့်ရဲတင်းတိမ်နိုင်လွန်းသည်.. လိုချင်သည့်တိုင်မပူဆာပေ ...
မြတ်လှသော သူတို့၏သားယောက်ျားလေး သည် ကောင်းကင် ကဲ့သို့ မြင့်မားမှုကို တက်လှမ်းနိုင်ရန်ရည်ရွယ်၍ ထိုသို့ အမည်နာမ ကိုပေးခဲ့ခြင်းဖြစ်သည်.. နာမည်နှင့် ကလေးလေးမှာ လိုက်ဖက်လွန်းလှ၏ ...
မြတ်ကောင်းကင်လေးမှာ ခြံဝန်းသေးသေးလေးထဲ ပတ်ပြေးပြီးနောက် မောပန်းပင်ပန်းသွားကာ သစ်ပင်အောက်တွင် အေးချမ်းစွာ သိုးမွေးခြုံထည်ထိုးရက်နေသော မိခင်ထံပြေးသွားသည်..
ကားရုပ်လေးကို မြေခစေကာ အေးချမ်းစွာထိုင်နေသော မိခင်၏ဒူးပေါ်မေးတင်၍မှီထားသည်.. မောသွား၍ မတ်တပ်ရပ်ဖို့တောင် အပျင်းထူနေသော မြတ်ကောင်းကင်လေးက သူ့ကိုမှီခွင့်ပေးထားသော မိခင်ကို ကျေးဇူးတင်သည့်သဘောဖြင့် သွားသေးသေးလေးများပေါ်သည့်ထိ ရီပြသည်..
YOU ARE READING
Fly Me To You