2

3.4K 324 11
                                    

Unicode

"အဆောင်တွေ့ပြီ ဆိုတာ ဘာကိုပြောချင်တာလည်း မြတ်ကောင်းကင်.. "

"သားနေဖို့ နေရာတွေ့ပြီလို့ပြောချင်တာ.. "

"ကိုယ်က မြန်မာ စကားနားမလည်တဲ့ ပုံပေါက်နေလို့လား.. ကောင်းကင်ကို ဘယ်သူက ရှာဖို့ပြောလို့လည်း.. .............ဟင်း... ကိုယ်နဲ့ နေရတာ အဆင်မပြေလို့လား.. "

"မဟုတ်ရပါဘူးဗျာ.. Ryan ကနေ့တွေညတွေ Duty တွေနဲ့ ပြီးတော့ သားကိုလည်း လိုက်ပို့လိုက်ကြိုနေရတော့ အားနာလို့ပါ.. အဲဒါကြောင့် ကျောင်းနားနီးတာ ရှာလိုက်တာ ..."

မျက်နှာချင်းဆိုင်ထိုင်ပြီး ပြောနေကြတဲ့ နှစ်ယောက်ကတော့ ရှားရှားပါးပါး အားလပ်ရက်လေးကို အိမ်မှာထိုင်ရင်း ရန်ဖြစ်နေကြလေ၏..

နေရာထိုင်ခင်းကောင်းကောင်းတွေ့ထားသည့်အတွက် ငွေမချေခင် သူ့ကို လိုက်ကြည့်ပေးရန် ပြောမိခါမှ အခြေအနေတွေ တင်းမာကုန်၏..

"အဲဒါ နေဖို့နေရာ ရှာရတဲ့ တကယ့်ရည်ရွယ်ချက် ဟုတ်လို့လား... တကယ်ဆိုရင်တော့ ဘာမှ ထပ်ပြော စရာတောင် မလိုတော့ဘူး.. ကိုယ်ခွင့်မပြုဘူး..!! "

"သူ့တစ်ခုထဲကြောင့်တော့ မဟုတ်.. ပါ.. ဘူး.."

ခေါင်းငုံ့ကာ ခြေချောင်းလေးတွေ အချင်းချင်းပွတ်ကာ စိတ်တိုင်းမကျ ဖြစ်နေတဲ့ ကောင်းကင်က တကယ့် အကြောင်းအရင်းကို ပြောဖို့ တွန့်ဆုတ်နေလေရဲ့..

"အများကြီးရှိတယ်ဗျ.... သားက တကူးတက ရန်ကုန်မှာပဲရှိတဲ့ တက္ကသိုလ် ရွေးတယ်ဆိုတာက သက်သက်ခွဲနေချင်လို့.. အခုက ဖေကြီးတို့သာ မရှိတာ Ryan ကမသိရင် အဖေကြီး လိုပဲ.. သားက ကိုယ့်ဟာကို အားကိုးပြီးနေချင်တာပေါ့.. ခုက....."

မထင်ထားသော ကလေးဆန်ဆန် အကြောင်းပြချက်ကြောင့် Ryan တစ်ယောက် ရီမိကာ ပေါင်ပေါ်တင်ထားသော လက်လေးကို ဆွဲယူလိုက်သည်..

"ကိုယ်တစ်ယောက်လုံးရှိနေရဲ့သားနဲ့ ကောင်းကင်က အပြင်မှာနေတယ် ဆိုတာ ဖြစ်မှမဖြစ်သင့်တာ.. ဒီလိုလုပ် ကိုယ်ကတိပေးတယ်.. ကောင်းကင်လုပ်ချင်တာ ဖြစ်ချင်သလို အကုန်လိုက်လျောပေးမယ်.. ဘယ်လိုလည်း..

Fly Me To YouWhere stories live. Discover now