Part -10

10.8K 857 124
                                    

ရာသီတွေတစ်ရွေ့ရွေ့ ကုန်ဆုံးလာတော့ ခုဆို ရှောင်းကျန့်ဟာလဲ အထက်တန်းကျောင်းသားကြီး ဖြစ်နေပါပီ...အဆိုအပေ ဝမ်ရိပေါ်ဟာလဲ အလယ်တန်းကျောင်းသား ကြီးဘဝကိုရောက်ရှိလာပါပီ..

ရှောင်းကျန့် အရင်ကလို ပါးဖောင်းဖောင်းအူကြောင်ကြောင်ကောင်လေးမဟုတ်တော့ပဲ ခပ်စွာစွာ ကောင်လေးတစ်ယောက်ဖစ်လာပါပီ ပန်းချီပညာကို ကျွမ်းကျင်စွာတက်မြောက်ထားရုံသာမက ထင်ပေါ်နေတဲ့မေးရိုးနှုတ်ခမ်းအောက်က မှဲ့နက်လေးနက် ရီလိုက်တိုင်းထွက်ထွက်လာတဲ့ ယုန်သွားလေးတွေကြောင့် ကျောင်းကကြီးကြီးငယ်ငယ် မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါမကျန် ပစ်မှားချင်နေကြသည်။

ဝမ်ရိပေါ်လား အရမ်းကိုပြောင်းလဲသွားပီ အရင်ကထက် ပိုဆိုး လာကာ ပိုပီးလဲပေါက်ကရလေးဆယ် ပိုပြောတက် ပိုပီးလဲအရှက်မရှိ လက်ရဲဆက်ရဲနက် စကိတ် တစ်လုံးနက် ပြာယာခတ်က စပ်စလူးပိုထလာသည်။ အရင်ကလို ပါးဖောင်းဖောင်းလေးက နည်းနည်းလေး ပိုပိန်လာကာအရပ်လေးလဲ ၂လက်မလောက်ပိုရှည်လာကာ စူးရဲရဲမျက်လုံး နှာခေါင်း လုံးလုံး တစ်ဖက်ထဲပြုံးတက်သော လူယုတ်မာ ပြုံးကြီးက ပျိုမဒီတို့အသဲစွဲ ဒါပေမယ့် သူကတော့ တစ်ကိုကိုထဲကိုကိုနေတာ

ဒီနေ့လဲ ဝမ်အိမ်တော်မှာ ပြသနာတက်နေပါသည်။

"ပါးပါး သား ကားနက် ကျောင်းမသွားချင်ဘူးနော် "

"ဘာလို့လဲ သူများကလေးတွေဆို ကားနက် အေးဆေး သွားချင်လွန်းလို့ မသွားရတာ မင်းက ဘာနာနေတာလဲ"

"မသွားဘူး သားကိုကို့ ကိုသွာခေါ်ဦးမှာ"

"အေ့လေ ကားနက်သွာခေါ်တော့ပိုမကောင်းဘူးလား"

"မရဘူး သားစကိတ်နက်ပဲ သွားမှာ "

ဟင်းးးးတကယ်မနိုင်ဘူး တကယ်မနိုင်ဘူး ဒီကလေး ဘယ်သူနက်တူလို့ ဒီလောက်စောက်ကြောတင်းနေမှန်းမသိ

ဝမ်ရိပေါ် ကေတွေဘာတွေ အသေရွှိုင်းပီး စကိတ်ဘုတ် ထုတ်ကာ ရှောင်းကျန့် အိမ်သို့ ထွက်လာလေသည်။

သားစကိတ်နက် ဘာလို့သွားလဲ မကြီးတို့ သိလား 😗 သိမှာလဲ မဟုတ်ပါဘူး သားပြောပြမယ် သားက စကိတ်နက်သွားရင် ကိုကို က စကိတ်မစီးတက်ဘူး စက်ဘီးလဲ မစီးတက်တော့ သားက ကိုကို့စက်ဘီးလေးကိုစီး ကိုကိုက သားစကိတ်ကို ကိုကိုက နောက်ကပိုက်ပီး လက်တစ်ဖက်က သားရဲ့ခါးလေးကို ဖက်ပီး ရိုမန့် ဆန်ဆန်လေး စီးတာလေ ပြန်တော့ ကိုကို့ကို သားကပဲ ပြန်ပို့ပေးကတာပေါ့ သားအကြံပိုင်တယ်ဟုတ် အဟစ်ဟစ်🤭

❤️ကိုကို့ပိစိလေး❤️ ( Zawgi +Unicode )(complete) Where stories live. Discover now