ရှောင်းကျန့်နက် ဝမ်ရိပေါ်တို့တွဲတာ ၄နှစ်ရှိသွားပီ...ရှောင်းကျန့်က တက္ကသိုလ်တတိယနှစ်ဖြေပီးလို့နောက်ဆုံး နှစ်ကျောင်းသားကြီး ဖြစ်နေပီလေ..ရိပေါ်က အထက်တန်းစာမေးပွဲ ဖြေပီး ခုလယ်ယာပြန်စားရေး လုပ်နေတယ်အရင်ကထက်လဲအားကြီးဆိုးလာကာ ဆိုင်ကယ်ဖင်ကြားညှပ်ပီး တစ်ဝူးဝူးနက် ရှောင်းကျန့်အိမ်ကို တစ်နေ့ ဆယ့်ခြောက်ခေါက်လောက်လမ်းသလား နေတာ လေ 😑
ဝမ်ရိပေါ်တစ်ယောက် ဒီနေ့အရမ်းစိတ်လှုပ်ရှားနေပါတယ် ဒီနေ့က ကိုကိုနက် သူ့ရဲ့ 4 years anniနေ့လေ ရေမိုးချိုး ပြင်ဆင်ထားပီး အပြင်ထွက်လည်မည်လေ ...
အဟိ ကိုကိုက ဘာတွေ စပရိုက်လုပ်အုံးမလဲ မသိဘူး ခီးးး🤭
ရှောင်းကျန့် ဒီနေ့ သေချာပြင်ဆင်ပီး စားသောက်ဆိုင်ကိုကြိုရောက်ထားပီး ကလေးပေါက်တွက် စပရိုက်တိုက်ဖို့လေ စာဖိုမှူးကိုလဲပြောထားပီးပီ ကိတ်မုန့်ထဲမှာ လက်စွပ်လေး ဖွက်ထားဖို့လေ..
ရှောင်းကျန့် စားစရာတွေမှာပီး ထိုင်စောင့်နေလေသည်။ ထိုစဉ် ပါးစပ်ကြီး နားရွက်တပ်ချိတ်မတပ် ပြုံးပီး ဝင်လာသော ကလေးငယ်ကြောင့် ရှောင်းကျန့် ထရပ်ပီး လက်ပြလိုက်သည်။
ရိပေါ် ဆိုင်ထဲဝင်သွားတဲ့အခါမှာ မတ်တပ်ရပ်ပီး လက်လှမ်းပြသော ကိုကို့ကြောင့် ကိုကို့ဆီသွားကာ ခုံမှာဝင်ထိုင်လိုက်သည်။
"ကိုကို ရောက်နေတာ ကြာပီလားဟင် "
"မကြာပါဘူး ဝမ်ဝမ်ရဲ့ ကိုကို စားစရာတွေမှာထားတယ် ကလေးအကြိုက်လေ "
"ဟီးး သားကအကုန်ကြိုက်တယ် စားလို့ရတာမှန်သမျှ "
ရှောင်းကျန့်တို့စားနေရင်း ရှောင်းကျန့်မှာထားတဲ့ ကိတ်မုန့်လေး လာတော့ ရိပေါ်က ဓားကိုကိုင်ကာ ခွဲလိုက်သည်။
ရှောင်းကျန့်ထင်တာ ရိပေါ် ကိတ်မုန့်ခွဲလိုက်ရင် လက်စွပ်လေး ပေါ်လာမယ်ပေါ့ ခုက ဘာဆိုဘာမှ မတွေ့ ... စာဖိုးမှူးထည့်ရော ထည့်ထားရဲ့လား
ဝမ်ရိပေါ်တစ်ယောက် ထင်တာ ကိုကိုက သူလာတဲ့ချိန်ကျရင် မုန့်တူတူးစားရင်း က်ုကိုလက်ခုပ်လေးတီးလိုက်တဲ့ချိန် တယောတီးတဲ့ သူပေါ်လာမယ်ပီးရင် လက်ဆောင်တွေပေါ်လာမယ် ဒီလိုထင်တာ ... ခုကျတော့ 🙂 ကိတ်မုန့်လေး တစ်လုံးနက် 🙂 ဒါပဲလား