"ရိပေါ် ရေ ထတော့လေ "
"ထ ထ ကလေးထတော့ "
ရှောင်းကျန့်တစ်ယောက်အေပရွန်ကြီးဝတ် လက်ထဲမှာလဲယောင်းမကြီး ကိုင်ပြီး ကုလားသေကုလားမော အိပ်ပျော်နေသော လင်တော်မောင်ကိုနှိုးနေခြင်း ဖြစ်သည်။
"ရိပေါ် ကလေးငယ် ထတော့လေ ကျောင်းသွားရဦးမှာကို"
စောင်ကြီးခေါင်းမူးခြုံကာအိပ်နေသော ထိုပေါက်စကိုလှုပ်နှိုးသော်လဲမရ မရတဲ့အဆုံး ခြုံထားတဲ့စောင်ကြီးကို ဆွဲလှန်လိုက်မှ အင်းအဲနဲ့နိုးလာတဲ့ ခွေးပေါက်လေး
ပေါ်ပေါ်လေး အိပ်နေတာကိုလာနှိုးသလိုအိမ်မက်မက်သောကြောင့်မသိချင်ယောင်ဆောင်ပီး ပြန်အိပ်လိုက်တယ် နောက်မှစောင်ကြီးကိုလာလှန်သောကြောင့်ကြည့်လိုက်တော့ ကိုကို အဟီး ပေါ်ပေါ်လေးရဲ့ယောက်ျား ပေါ်ပေါ်လေးရဲ့ခင်ပွန်း တစ်နည်းအားဖြင့်ဆိုရင်တော့ ငါ့လင်ပေါ့ဟယ်
အဟက်မကြီးတို့ကတော့ ခုချိန်ထိ မရှိသေးဘူးမလား 😗
ထားပါမနှိမ်တော့ပါဘူးလေ"ကိုကို ချီ ~~~" ချွဲပစ်နေတဲ့အသံနဲ့ မျက်ချီးတွဲလောင်းနဲ့ ညူတုတု လုပ်နေတဲ့ ရိပေါ်ရယ်ပါ
ရှောင်းကျန့် မိမိရှေ့မှာ သူ့ကိုချွဲနေသော ပေါက်စလေးကိုအူယားလာလွန်းလို့ပါးကြီးကိုတစ်ဝကြီးမွှေးပြစ်လိုက်တယ် အာပုတ်စော်လေးမဆိုသာယုံရပေမယ့်လို့
"ကိုကိုး ချီလို့ "
"ဟုတ်ပါပီ လာလာ ကိုကိုချီမယ် " ဆိုကာ ကောက်မပြီးခါးတစ်ခွင်ကြီးထားတော့ ရှောင်းကျန့် ပုခုံးပေါ်မျက်နှာလေးအပ်ပြီး
"ကိုကို ကိုကိုပဲမျက်နှာသစ်ပေး ကိုကိုပဲသွားတိုက်ပေး နော် "
"ကိုကိုပဲရေကောမချိုးပေးရဘူးလား "လို့ပြောလိုက်တော့ ဝမ်ရိပေါ်ရဲ့လက်လေးဟာ ရှောင်းကျန့် ဆံပင်မှုတ်ဆီသို့ရောက်ပီးဆောင့်ဆွဲလိုက်သည်။
"အာ့ ဝမ်ရိပေါ် လူကြီးခေါင်းကိုများ "
"အမယ်လေး သူများက ချွဲနေလို့အခွင့်ကောင်းယူချင်နေတာ"
"မင်း လူကြီးခေါင်းကို ဘာလို့ဆွဲလဲ "
"လူကြီးက နှာဘူးကျတာနေတာကို "