Extra 2

3.7K 311 24
                                    

"နင်မြင်ရင်ကြွေသွားမယ် နင်မြင်ရင်ကြွေ.."

"ဝမ်ရိပေါ်ရေ ကြွေတာမပြီးနိုင်တော့ဘူးလား"

ဟုတ်တယ် စိတ်က မရှည်တော့ဘူး မနေ့ကတစ်နေ့လုံးလဲ အာ့တာနဲ့ အင်္ကျီတွေ အမျိုးမျိုးတွေလဲပြီး TikTokရိုက်နဲ့ ပီးရင် ဝတ်ထားတာတွေ အပုံလိုက်ချထား လိုက်သိမ်းရတာလဲ မောနေပြီ။ ရုံးလေးပိတ်လို့ နားနားနေနေ နေချင်ပါတယ်ဆိုမှ

"ဘာလဲ ကိုကို့ ကို သားဘာလုပ်နေလို့လဲ "

မျက်နှာကို မော်ချီကာ ပြန်အော်တော့ ရှောင်းကျန့်ခမျာနင်သွားသည်။ စောက်ကလေးလေး ဆိုးနေတာ

"မင်းအလုပ် မလုပ်တော့ဘူးလား စာကောမကျက်တော့လား ဝတ်ပြီးချွတ်နဲ့ ရေလဲမချိုးပဲတစ်ထည်ပြီးတစ်ထည် လဲနေတာ သွား အာ့အဝတ်တွေ သွားလျှော် "

ထိုသို့ ဟောက်လိုက်တော့ မျက်ရည်ကြီးတွေဝဲလာပြီး စိုက်ကြည့်နေတာ လာပြီး အာ့မျက်ရည်လက်နက်နဲ့သနားအောင်လုပ်နေတာ မသနားဘူး

ဂွက်

လက်ထဲကဖုန်းကို ဆောင့်အောင့်ပြီး ချကာ ခြေထောက်ကိုဆောင့်နင်းပြီး အဝတ်ခြင်းကို မကာ အောက်ထပ်ဆင်းသွားလေသည်။

သားဘာသားတစ်ကတော့လေး ရိုက်ပြီးငြိမ်ငြိမ်လေးနေတာကို လူကိုအော်လားငေါက်လားနဲ့ ယူတုန်းကယူပီး ခုမှ ငြိုငြင်နေတာ သူများတကာဖုန်းလေးကိုစိတ်ဆိုးပြီး ပြစ်ချမိတာ ကွဲသွားပြီလားမသိဘူး တောက် သွားပြန်ကြည့်လိုက်အုံးမယ်

ခြင်းတောင်းလေးမကာ အပေါ်ကို ဆောင့်ကြီးအောင့်ကြီးတက်လာပြီး တံခါးကို ဖွင့်ကာ

"အထဲကတစ်ယောက် သားဖုန်းလေး ကွဲသွားပြီလားကြည့်ပေး "

ရှောင်းကျန့်တစ်ယောက် အမွှေကောင်လုပ်ထားသော ပစ္စည်းတွေကိုသိမ်းနေစဉ် လှေကားကနေဒုန်းဒုန်း နှင့်တက်လာသော ထိုအကောင်ပေါက် ကြောင့် အပေါက်ဝကိုကြည့်စဉ် သူ့ဖုန်းကွဲပြီလား ကြည့်ခိုင်းတော့ လျှာရှည်မနေပဲ ကြည့်ပေးလိုက်သည်။

"မကွဲဘူး "

"ပီးတာပဲ "
ဆိုပြီးဖင်ကိုနောက်ပစ်ကာလှည့်ထွက်သွားသော အသည်းငယ်ကြောင့် ပြေးညစ်ချင်စိတ်တစ်ဖွားဖွား

❤️ကိုကို့ပိစိလေး❤️ ( Zawgi +Unicode )(complete) Where stories live. Discover now