Ch-1

278 4 0
                                    

Unicode

စတင်ခြင်း❓❓❓

မိုးရာသီအစပျိုးလာပြီဖြစ်သလို ကျောင်းဖွင့်လာတာမို့ အဖြူအစိမ်းဝတ်ကျောင်းသူကျောင်းသားလေးတွေက ဥဒဟိုသွားလာနေကြတာကို မြင်ကြရပြီပေါ့။ အ.ထ.က (၂) ဗဟန်း ကျောင်းတော်မှာလည်း မနက်ပိုင်းလေးမှာ ဆရာမလေးတွေက ဂိတ်မှာစောင့် ‌ကျောင်းသားတွေလည်းမိမိနဲ့သက်ဆိုင်တဲ့ စာသင်ခန်းဆီသို့အသီးသီးချီတက်ကြတဲ့မြင်ကွင်းလေး ဒါကလည်းသမားရိုးကျမြင်ကွင်းလေးတစ်ခုပဲ။ အဲ သမားရိုးကျမဟုတ်တာကတော့ ကျောင်းစတက်ကထဲက အပြစ်ပေးခံနေရတဲ့ ကောင်းခန့်ပိုင်ဦး။ အပြစ်ပေးခံရတဲ့အဖြစ်ကလည်း ရှားရှားပါးပါးတစ်ဦးတည်းသောရှိတဲ့သူတို့ကျောင်းကဆရာ ဦးစိုးထက်ရဲ့ဖိနပ်ကို နှစ်ခုပူးပြီးကြိုးနဲ့ချည်ထားတာကစတာပဲ။ ကောင်းခန့်ပိုင်ဦးက အဆော့သန်အစသန်ပေမဲ့အရမ်းဆိုးတဲ့သူလည်းမဟုတ် စာတော်သူတွေသာနေတဲ့ (S)အခန်းမှာနေတဲ့သူ အတော်ဆုံးအခန်းမှာနေပြီး အပြစ်ခဏခဏအပေးခံရတာလည်း ဒင်းပဲရှိတယ်။ သူမမှာ ကျောင်းရောက်တော့ပထမဆုံးနေ့ဆိုတော့ တပည့်တွေနဲ့ မရင်းနှီးသေး။ ရင်းနှီးတဲ့သူဆိုလို့ ကောင်းခန့်ပိုင်ဦးကိုသာ ဒက်ကနဲမြင်မိသွားခြင်းက သူမအန္တရာယ်ကိုသူမလက်ယက်ခေါ်မိလိုက်သလို။ ရင်းနှီးတယ်ဆိုတာကလည်း ဒီကလေးရုံးခန်းရောက်သလားမရောက်သလားဆိုတာသာတွေးကြည့်။ အစသန်ပတ်မွှေပြီး ရုံးခန်းခဏခဏရောက်ပေမဲ့ဉာဏ်ကလေးကအတော်ကောင်း‌‌နေတော့ ဆရာမတွေလက်ဆွဲဖြစ်နေတော့လည်း ဒင်းကမြေကြီးပေါ်ထားလို့လည်းမရ မိုးပေါ်ထားလို့လည်းမဖြစ်တဲ့ ဗြမ္မဦးခေါင်းဖြစ်နေလေရဲ့။သူ့ကို ကိုယ်ကမနှစ်ကမြန်မာစာ စာစီစာကုံးပြိုင်တော့ အချက်အလက်တွေရှာပေးဖူးတော့ သိတာနဲ့ ဆရာမများနားနေခန်းမှာကျန်ခဲ့တဲ့ ခြင်းတောင်းလေးယူခိုင်းမိတာက စတာပဲ။ နားနေခန်းမှာယူစရာရှိတာမယူပဲ ဆရာစိုးထက်ကဖိနပ်ချွတ်ပြီးဗီဒိုပေါ်က ပစ္စည်းလေးတက်ယူနေတာကို ဒင်းကဖိနပ်နှစ်ခုကြိုးချည်ပြီးခြင်းတောင်းကိုယူပြီးပြေးတာတန်းနေတာပဲ။ ဒင်းအဲ့လိုပုံပျက်နေကတည်းက သူမဒီကလေးပြဿနာတစ်ခုခုရှာလာမှန်းရိပ်မိပြီးသား။ တွေးလို့မှမဆုံးဆရာဦးစိုးထက်နဲ့ဒေါ်ချယ်ရီမေနှစ်ယောက်ချော်လဲတယ်ဆိုတဲ့သတင်းသူမကြားလေရဲ့။ ဆရာကအောက်ဆင်းဆင်းခြင်း ဖိနပ်စီးပြီး‌အလောတကြီးလမ်းလျှောက်တာ ချော်လဲပြီးရှေ့ကအင်္ဂလိပ်စာဆရာမဒေါ်ချယ်ရီမေကိုပါတွန်းမိပြီး နှစ်ယောက်သားချော်လဲကြတာ ခါးတွေပါနာကုန်လို့ ရေခဲပါကပ်ထားရတယ်တဲ့။ ဆရာဆိုသူ့ဖိနပ်ကိုကြိုးချည်တဲ့တရားခံကို မေတ္တာပို့လို့မဆုံး။ တွေ့ရင်သတ်မယ်ဆိုတာကြီးပဲ။ သူမမှာ ငမွှေထိုးကိုအနားခေါ်ထားပြီး ဒူးထောက်လက်မြှောက်ထားခိုင်းရတယ်။ ဆရာတွေလည်းမသိအောင် သူမခုံနဲ့ကွယ်ပြီးဒူး‌ထောက်ခိုင်းထားရတယ် တော်ကြာဒင်းလုပ်မှန်းသိရင် ဆရာ့ဒေါသနဲ့လည်းဒီကလေးလွယ်မှာမဟုတ်။ ပြီးတော့သူမလည်းကိုယ့်တပည့်ကိုသူများထိတာကိုမကြိုက်ဘူး။ သူမကသာဆုံးမချင်တာ။ အဲ့တာနဲ့ဆရာနဲ့တိုးပြီးပြဿနာ‌တွေဖြစ်မှာလဲစိုး အပြစ်ကလည်းမပေးလို့မဖြစ်။ ဒီကလေးတော်တော်ဆိုးနေတာ။

Pure LoveWhere stories live. Discover now