<Unicode>
New York မြို့ပြင်ရှိ ခြံဝန်းကျယ်ကြီးကို ဝင်ရောက်လာပြီး တိုက်နှစ်လုံးအနက် အကြီးဆုံးတိုက်ရဲ့ အိမ်ရှေ့ကို ရပ်လာတဲ့ကားနက်တစ်စီး။ ကားထဲကထွက်လာတဲ့သူကတော့ ငယ်ရွယ်တဲ့အသက်လေးနဲ့မှမလိုက် တည်ကြည်နေတဲ့သူ့ရဲ့မျက်နှာထားနဲ့ စူးရှတဲ့အကြည့်စူးစူးကြောင့် မြင်သူတိုင်းစေ့စေ့မကြည့်ရဲကြ။ ဒါပေမဲ့လည်း ထိုလူငယ်လေးရဲ့ချောမောလွန်းတဲ့ရုပ်ရည်လေးကြောင့်ပျိုမဒီလေးတွေပါမက ယောက်ျားပျိုလေးတွေရဲ့ နှလုံးသားကိုပါအပိုင်သိမ်းနိုင်လောက်တဲ့အထိ စွမ်းတဲ့သူ့ရဲ့သွင်ပြင်ကသြချလောက်စရာ ။ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ထားတာတော့လည်း ငယ်ရွယ်တဲ့မျက်နှာလေးရဲ့ သွင်ပြင်မပျောက်သွားပဲနဲ့ကို ခန့်ညားနေပြန်ရော။ ရုပ်ရည်သွင်ပြင်ကအပြစ်ဆိုစရာမရှိသလို အသက်နှစ်ဆယ်ဆိုတဲ့အရွယ်ကလေးနဲ့ စီးပွားရေးလောကထဲကိုလည်း ထဲထဲဝင်ဝင်တိုးဝင်နေလေတဲ့သူ။ ကျောင်းတစ်ဖက်နဲ့ကို မိဘရဲ့စီးပွားရေးကို လေ့လာပြီး ကိုယ်တိုင်ဝင်မလုပ်သေးသည့်တိုင် အကြံကောင်းများစွာပေးနိုင်တဲ့သူ။ သူ့ကြောင့်လည်း အခုဆိုဥရောပနိုင်ငံတော်တော်များများအထိ စီးပွားရေးတွေတိုးချဲ့လာနိုင်ခဲ့တာပေါ့။ (A.N. ဘယ်သူလည်းသိချင်နေပြီလား မပြောပြဘူးအသေသတ်😝) ကားအနားမှာရပ်နေတဲ့လူတစ်ယောက်ကိုကားသော့ပေးပြီး အိမ်ထဲဝင်လာတော့ အိမ်တော်ထိန်းလည်းဖြစ် မန်နေဂျာလည်းဖြစ်တဲ့ Mr. John က
"အကိုလေးပြန်လာရင် သူဌေးက စာကြည့်ခန်းကိုလာခဲ့ပါတဲ့"
ရိုရိုကျိုးကျိုးအမူအရာနဲ့ ခေါင်းငုံ့ကာပြောလာတဲ့ Mr. Johnကြောင့် ဒုတိယထပ်က dad ရဲ့စာကြည့်ခန်းကို elevatorနဲ့ တက်လာခဲ့လိုက်တယ်။
"Dad ခေါ်တယ်ဆို ဘာကိစ္စရှိလို့လဲ"
"လုပ်ငန်းတိုးချဲ့ဖို့ကိစ္စပါတခြားမဟုတ်ဘူးDadတို့လုပ်ငန်းတွေကိုမြန်မာနိုင်ငံမှာတိုးချဲ့ဖို့အတွက်မြေကွက်ရှာနေတာ မှတ်မိလား အဲဒါအခုတွေ့ပြီ အဲဒီကိစ္စနဲ့သားမြန်မာနိုင်ငံကိုသွားရမယ်"
"ဘာလို့လဲအရင်လိုပဲ Mr.John ကိုလွှတ်လိုက်ပါလား"
"မရလို့ပေါ့ my sonရယ်မြေကွက်ကနေရာအကွက်အကွင်းမြေအကျယ်အဝန်းကလည်းတော်တော်ကောင်းတယ် အဲ့ဒီကသူတွေကတောင် ဘယ်ဈေးပေးပေး ဝယ်လို့မရဘူးလို့ကြားတယ် ဒီကိစ္စကmy son ကိုယ်တိုင်သွားမှအဆင်ပြေမှာမို့လို့ dad ကပြောနေတာ dad ယုံတယ် my son လုပ်တိုင်းမှာအောင်မြင်တဲ့ကိစ္စမှမရှိတာ"
YOU ARE READING
Pure Love