Ch 4

58 4 2
                                    

<Unicode>
အမုန်း၏နိဒါန်း

"ကလေးတို့တီချယ်စာမသင်ခင် ပြောစရာတစ်ခုရှိတယ် အခုတီချယ်တို့ကျောင်းမှာ စာစီစာကုံး ပြိုင်ပွဲလေးတစ်ခုရှိတယ် စိတ်ဝင်စားတဲ့သူပြိုင်လို့ရတယ်ဆိုပေမဲ့ တီချယ်ကတော့မင်းတို့‌တွေအကုန်လုံးကိုပြိုင်စေချင်တယ် ဘာပဲဖြစ်ဖြစ်အတွေ့အကြုံတစ်ခုရသွားတာပေါ့ တစ်ချိန်ချိန်ကျရင်ဪငါအခုလိုပြိုင်ပွဲတွေပြိုင်ဖူးပါလားဆိုပြီး တွေးမိမယ် ဆုရရင်ပိုတောင်ကောင်းဦးမယ် ကိုယ့်မိဘတွေကိုယ့်ကြောင့်ဂုဏ်တက် ကောင်း...ခန့်...ပိုင်...ဦး"

"ရှိပါတယ်ခင်ဗျာ့"

"ဘာလုပ်နေတာလဲ"

"ချယ်‌လေးရဲ့အနာဂတ်စီမံကိန်းကို နားထောင်နေတာပါချယ်လေး"

"ကျွ‌န်တော်မျိုးမအမြင်မှာတော့ရှင်လေး တရားမှတ်(အိပ်ငိုက်နေတာကိုရွဲ့ပြောတာ) နေတာပဲတွေ့တယ်"

"ဟဲဟဲ ချယ်လေးကလည်း ဘုရားတရားဆိုတာ..."

"တော်တန်တိတ် ခုနကပြောတာကြားတယ်မလား မင်းမပြိုင်မနေရပြိုင်ရမယ် ကြားလား"

"ချယ်လေးကလည်း သားမပြိုင်ချင်တော့ဘူးဗျာ ပျင်းလာပြီလို့ တခြားလူကိုရွေးပါလားလို့"

"မရဘူး ကျောင်းစတက်တာတစ်လပဲရှိသေးတယ် ငါ့မှာတိုင်သံတောသံတွေကြားနေရပြီ တော်ကြာနေ ကောင်းခန့်ပိုင်ဦး စာသင်ချိန်အိပ်နေလို့ တော်ကြာနေ ကောင်းခန့်ပိုင်ဦးမုန့်ခိုးစားလို့ တော်ကြာနေ ကောင်းခန့်ပိုင်ဦးဘယ်သူ့ကိုစလို့နဲ့ ငါ့မှာဖြေရှင်းနေရတာ အခုအပြစ်ပေးတဲ့အနေနဲ့ မင်းဒီပြိုင်ပွဲကိုပြိုင်ကိုပြိုင်ရမယ်"

"အဲ့တာချယ်လေးမတရားတာ အာဏာအလွဲသုံးစားလုပ်တာ ရဲတိုင်မယ်"

"အမလေး တိုင်ပါရှင့်တိုင်ပါ နင်သာတိုင်လိုက်လို့ကတော့ ကျွန်မကကပြီးတော့ကိုလက်ခံမှာ နင်တိုင်တဲ့ရဲကို နင့်ပြန်ထိန်းခိုင်းလိုက်ရင် အဲ့ဒီရဲက ငါ့ကိုရှိခိုးပြီး ဆရာမတပည့်ကိုယ့်ဟာကိုထိန်းဖြစ်သွားမှာမြင်ယောင်သေး"

ဆရာမစကားလည်းဆုံးရောတစ်ခန်းလုံးဝိုင်းရယ်ကြတာ ဝေါကနဲပဲ။ (A.N မရေးချင်ပေမဲ့ကိုယ့်အရေးအသားကြောင့်မရေးလို့မဖြစ်လို့ရေးရတာပါ ကောင်းခန့်ပိုင်ဦးနဲ့ဆရာမတွေကအမြဲအဲ့လိုပဲရင်းရင်းနှီးနှီးစနောက်နေတတ်တဲ့သဘောပါနော် ကောင်းခန့်ပိုင်ဦး ဘယ်လောက်အစသန်သန် သူ့ရဲ့ပင်ကိုစိတ်ထားကိုဆရာမတွေကသိပြီး သူကချစ်မွှေးလည်းပါတော့ ဆရာမတွေကသူအပြစ်လုပ်ရင် တစ်ခါတစ်လေ ကျိန်းမောင်းပြီးအားမလိုအားမရဖြစ်တာကလွဲပြီး ကောင်းခန့်ပိုင်ဦးကို ကြီးကြီးမားမားအပြစ်ပေးလေ့မရှိပါဘူး ပြီးတော့သူကစာလည်းတော်တော့ ပြိုင်ပွဲတွေပြိုင်ရင်း သူမသိတဲ့ဆရာမမရှိတာ အပေါ်မှာလည်းရေးပြပြီးသားပါနော် ဆိုလိုချင်တာက ကောင်းခန့်ပိုင်ဦးနဲ့ဆရာမတွေရဲ့နွေးထွေးမှုမေတ္တာကို စာဖတ်သူကိုခံစားစေချင်တာပါ အခုအပိုင်းမှာဆို ဆရာမကသူ့ကိုပြိုင်ပွဲကို မဖြစ်မနေရပြိုင်ခိုင်းရတာက ကောင်းခန့်ပိုင်ဦးနိုင်မယ်ဆိုတာ တစ်ထစ်ကျသိနေလို့ပါ ဆရာမကအကျပ်ကိုင်တာလို့အပေါ်ယံမှာ မြင်ချင်စရာပေမဲ့ အဲ့လိုမမြင်ဘဲသူတို့ခင်မင်မှုကိုသာ ဖတ်ရှုပေးပါနော် အဲ့လိုလုပ်တာကိုကျောင်းသားဆန္ဒမရှိဘဲအတင်းအကျပ်လုပ်ခိုင်းတယ်ဘာညာ သာသာကိုလာပြောကြမှာစိုးလို့ပါ တကယ်ကတော့ သူတို့ကြားကနွေးထွေးမှုကိုမြင်စေချင်တာ ဒါကလည်း ဒီဇာတ်တစ်ခုလုံးရဲ့အသက်ပါနော် ထပ်ရေးရင် spoilerတွေဖြစ်မှာစိုးလို့ရပ်လိုက်တော့မယ်😁😁)

Pure LoveWhere stories live. Discover now