
7.7K 125 6
                                    

အဆိပ်သင့် Love

အပိုင်း ( ၁)

လေယဉ်တစ်စင်း. . .
လှပတဲ့ကောင်းကင်ကြားမှာ တိမ်တွေထဲ ထိုးဝင်သွားလိုက် ပျောက်ကွယ်သွားလိုက်. . . .
တဝူးဝူး အော်မြည်နေသံကို ကြားနေရပြီး ခဏအတွင်းမှာပဲ သူမ မျက်လုံးရှေ့ကနေပျောက်ကွယ်သွားတော့သည် ။

နေ့လည်ခင်း ထမင်းစားပြီး ခဏလေး   တိုက်အပေါ်ဆုံးထပ်သို့တက်လာပြီးအသက်လာရူတာဖြစ်သည် ။   ဒီအချိန် ခဏလေးက သူမရဲ့ အသက်ရူပေါက်. .

ကျွန်မ နာမည်က ပိုးရှင်ခေး.. . . ,အဝတ် အရောင်းဆိုင်မှ ဝန်ထမ်းတစ်ယောက်. . . . .

မျက်တောင် ကော့ကျော့  နှာတံဆင်းဆင်း  အသားက ဝါညက်ညက် လှပသည့် ခန္ဒာကိုယ်အချိုအစား ပျော့ပြောင်းသည့်ဆံနွယ်တွေရှိတာကြောင့် ဟောင်းနွမ်းစ အဝတ်အစားတွေဝတ်ဆင်ထားပေမယ့် လှပနေဆဲပင်. . . .

သူမ မှာ အဖေ မရှိတော့ပါ ဘူး. . .
မောင်လေး မွေးပြီး  နှစ်ဘယ်လောက်မှမကြာဘူးကွယ်လွန်ခဲ့တာဖြစ်သည် ။
ပိုးရှင်ခေး က ငယ်သေးသလို အမေတစ်ယောက်ထဲ ဆင်းရဲပင်ပန်းစွာ အချိန်ကြာ မိသားစုအတွက်ရုန်းကန်နေခဲ့ရသည် ။
အသက်အရွှယ် ငယ်ရွှယ်သေးသည့်တိုင် လောကဓံရဲ့ ရိုက်နှက်မူကို အလူးအလဲခံယူရင်း သွေးတိုးရောဂါသည် ကနေ လေဖြတ်သွားခဲ့သည် ။

သူမကတော့ လေငန်းဖြစ်နေသည့် အမေရယ် အရွှယ်ရောက်ခါစ ၈တန်းကျောင်းသား  မောင်လေးတစ်ယောက်နှင့်အတူ ဘဝကို ခတ်ခတ် ခဲခဲ ရုန်းကန်နေခဲ့ရတာဖြစ်သည် ။

လေငန်းဖြစ်ပြီး ကိုယ်တစ်ခြမ်းသေနေသည့် အမေအတွက် ဆေးတွေကလဲ စျေးကြီးလှသလို မောင်လေးရဲ့ကျောင်းစရိပ် ပြီးတော့ စားဝတ်နေရေး. . အားလုံးကို တစ်ယောက်ထဲ ကုန်းကြုံးရှာဖွေနေရတာဖြစ်သည် ။
၁၀တန်းပင်မအောင်သည့်သူမ အဖို့ အလုပ်ကောင်းကောင်းလဲ မရှာနိုင် . . အထည်ဆိုင်မှာ ရသည့် လစာမတောက်တစ်ခေါက်လေးနှင့် မလောက်ငှသဖြင့် ညဘက် ဘားတွေမှာပါ ဝိတ်တာအဖြစ် အလုပ်လုပ်ရသည် ။ အားလပ်ချိန်ဆိုတာ မရှိအောင် ရှာဖွေနေရပေမယ့် အိမ်မှာလောက်ငှစွာသုံးစွဲရသည်ဆိုတာမရှိ. . . . 
ပင်ပန်းလိုက်တာဟုပင် ငြီးချိန်မရခဲ့ပါ. . .
ဆင်းရဲသားရပ်ကွပ် . . . ပြိုလဲလုလု အိမ်စုပ်လေးတစ်လုံးသာပိုင်ဆိုင်မူရှိပြီး ဆွေမျိုး ဆိုတာလဲမရှိခဲ့ပါ. . . .
အမေ က ရန်ကုန်သူ မဟုတ် မန္တလေးသူဖြစ်ပြီး အဖေဖြစ်သူကသာရန်ကုန်သား ဖြစ်သည် ။
ဘာကြောင့်လဲမသိပေမယ့်   ပိုးရှင်ခေး ငယ်စဉ်ထဲက အခြားသူတွေလို ဦးလေးတွေ အဒေါ်တွေ အဖိုးအဖွားတွေဆိုတာ ဘယ်သူဘယ်ဝါ ဘယ်မှာနေသည်ဆိုတာကိုပင်မသိခဲ့ရ. . . .

အဆိပ္သင့္ love /အဆိပ်သင့် LoveWhere stories live. Discover now