
1.1K 38 0
                                    

အဆိပ်သင့် Love

အပိုင်း ( ၂၄)

"ဟာကွာ ဘာလို့ ပိုးကိုဖုန်းခေါ်မရပါလိမ့်. . .

မင်းည . . ပိုး အလုပ်လုပ်သည့် ဟော်တယ်သို့ ဖုန်းဆက်ကြည့်လိုက်တော့ အလုပ် လာသည်တဲ။
ဒါပေမယ့် ဘာ ကြောင့်မှန်းမသိဘူး သူ ပိုးကိုဆုံးရူံးရတော့မလို လို သူ့ဘေး မှာမရှိတော့သလိုလိုခံစားနေရတယ်. . .
၂ရက်တောင်ခွဲရတာမို့ ဒီလိုဖြစ်တာနေမှာပါ
ပိုးလဲ သူ့အလုပ်မှာသူရှိနေတာပါပဲလေ.   . .

သူလဲ မြန်မာပြည်ပြန်ရောက်ပြီးအလုပ်ထဲတန်းဝင်  ဟိုပြေးဒီပြေးနှင့် ခေတ္တ ပ်ိုး ကိုမေ့ပျောက်သွားသည် ။

ည ရောက်မှ အလုပ်သိမ်း အိမ်ပြန် လာခဲ့သည် ။

အလုပ်ကပြန်ရောက်သည်နှင့ ရေချိုး ပြီး ပိုး ပြန်အလာကိုစောင့်နေမိသည် ။

သိပ်မကြာခင်ပဲကားမောင်းသံကြားရပြီး ပိုးပြန်လာပြီမှန်းသိလိုက်သည် ။
ပိုး အပေါ်ထပ်တက်လာမည့်အချိန်ကိုစောင့်နေမိသည်။

''ကိုမင်း. . . .

အနောက်မှ သိုင်းဖတ်လာခြင်းနှင့်အတူ တီးတိုးခေါ်သံ ။
ပိုး က သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ. . . .

''ကို မင်း . . . .မနက်ကပြန်ရောက်တာလား. . .
လွမ်းနေတာ. . . .

မင်းည ကျောထဲစိမ့်ကနဲတောင်ခံစားလိုက်ရသည် ။
ဒါကအိမ်မက်လား ပိုး က ပိုးက သူ့ကို စဖတ်ပြီး လွမ်းနေတာဟုပြောလာမည်ဟုဘယ်တုန်းကမှ စိတ်ကူးထဲတောင် မတွေးခဲ့မိပေ ။
၂ရက်တောင်ကြာတော့ ပိုး သူ့ကို တကယ်ပဲလွမ်းနေတာလား. . . .

မင်းညက လက်ကိုဖြုတ်ဖို့လုပ်တော့. . .

''ခဏလေး ခဏလေး ဒီတိုင်းနေရအောင်. . . .

တင်းကျပ်စွာဖတ်ထားလျှက် သူ့ကျောကို ပါးအပ်ထားသည့် ပိုး . . .  သူမ တကယ်ပဲ ဒီနေ့ ထူးဆန်းနေပါသည် ။ တကယ်ပဲ ပိုးက သူ့ကို ဒီလောက်လွမ်းနေမည်ဟုမထင်မိခဲ့. . . .
သူ ပိုးလက်ကိုဆွဲပြီး သူမအခန်းထဲ ခေါ်သွားလိုက်ပြီး. . .

''မင်း ကိုယ့်ကို ဘယ်လို ခေါ်လိုက်တယ်. . .

'' ကိုမင်း လို့ခေါ်တာလေ. . . .

အဆိပ္သင့္ love /အဆိပ်သင့် LoveМесто, где живут истории. Откройте их для себя