
1.2K 47 0
                                    

အဆိပ်သင့် love

အပိုင်း ( ၁၁)

မင်းည ဒေါသ ဖြစ်ပြီး  လက်ကနေဆောင့်အဆွဲ ပိုးက  ထ အရပ်  ဆွဲချလိုက်မည်ဟု ထင်မထားတာကြောင့်  ကိုယ့် ကို ကိုယ် မထိမ်းလိုက် နိုင်ခင်မှာပင်  ၂ယောက် လုံး ကုတင်ပေါ်သို့လဲကျသွားသည် ။

''အား. . .

''ဘုန်း. . . .

မင်းညက ထိုင်နေရာမှ နောက်လန်သွားပြီး ပိုးက သူ့အပေါ်မှ လှဲချ မိရက်သား ဖြစ်နေသည် ။

''ရှင်. . . ရှင်. . . ဘယ်လို လုပ်လိုက်တာလဲ. . . .

မင်းည က သူ့အပေါ်မှ လဲကျလာသည့် ပိုးကို စိုက်ကြည့်လိုက်မိပြီး ခဏတာ မေ့လျော့သွားလျှက်  ခါးမှ ဆွဲဖတ်ပြီး ဘေးသို့လှိမ့်ချလိုက်သည် ။ ပြီးတော့ သူမ ကိုယ်ပေါ်မှအုပ်မိုးလျှက် နှင်းဆီရောင်နူတ်ခမ်းဖူးဖူးလေးကို ပိုင်စိုးပိုင်နင်း နမ်းရိူက်ပြစ်လိုက်သည် ။ 

''အွပ်. . ဟင့်အင်း. . . .

မင်းည လွတ်မပေးပဲ အဆက်မပြတ် နမ်းရိူက်နေလိုက်ရင်း လည်တိုင်ကို နမ်းဖို့ လုပ်လိုက်ပြီးမှ အသိစိတ်ပြန်ကပ်သွားလျှက် ဖတ်ထားမိသည့် လက်ကို ခွာလျှက် ထရပ်လိုက်သည် ။

ငါကွာ. . .ရူးသွားပြီလား. . . ဘာလို့သွားနမ်းလိုက်တာလဲ. . . . . .

မင်းည ထရပ်လိုက်သည်နှင့် ပိုးက ထ ထိုင်လိုက်ပြီး သူနှင့်အဝေးသို့ ရွှေ့သွားသည် ။ သူနမ်းလိုက်တာ ရွှံရှာသလို နူတ်ခမ်းတွေကို ဖိပွတ်လိုက်ပြီး သူ့ကို မျက်စောင်းထိုးသည် ။ ပုံစံက မသိလျှင် ပထမဆုံးအနမ်းခံရသည့် ပုံစံဖြင့်. . . . ပိုး. . မင်း တက်လဲတက်နိုင်ပါတယ်ကွာ. . .ဒါတွေ ဘာအတွက်မင်းလုပ်နေတာလဲ. . . . .

''ရှင် နိူင်ထက်စီးနင်းလုပ်တာ လွန်လာပြီနော်. . . .

ထိုသို့ပြောပြီး မွေ့ယာပေါ်က စောင်ကို ဆွဲချနေသည် ။

''ဒါက ဘယ်လဲ. . .

''ဘယ်ဖြစ်ဖြစ်. . .

''ယား. . စ်. . . မင်းငါ့ကို ပဲ စ်ိတ်တိုအောင်လုပ်နေတာနော်. . . . . . .

မင်းည စောင်ရဲ့ အခြားတစ်ဖတ်ကနေ ပြန်ဆွဲထားလိုက်သည် ။ ပိုးကလဲ စောင်ကို ပြန်ဆွဲသဖြင့် သူကလဲပြန်ဆွဲလိုက်ပြန်သည် ။

အဆိပ္သင့္ love /အဆိပ်သင့် LoveWhere stories live. Discover now