
2.6K 68 1
                                    

အဆိပ်သင့် Love

အပိုင်း ( ၂)

တရိပ်ရိပ်ဆင်းသက်လာသည့် လေယာဉ်က မြေပြင်ကို ဆင်းသက်ပြီး အချိန်အတန်ကြာ ပြေးလွှားနေသေးသည် ။

သြော်. . . ငါ တကယ် မြန်မာပြည်ပြန်ရောက်ခဲ့ပြီပဲ. . . သူနိုင်ငံခြားရောက်နေခဲ့တာ ၅နှစ်ကျော်ခဲ့ပြီလေ. . .
ုမြန်မာပြည် ပြန်ရောက်ရောက်ချင်း ပထမဆုံး ပြေးမြင်လာသည့် မျက်နှာလေး. . . . . .
ပိုး . . .ကျွန်တော်ချစ်ရတဲ့မိန်းကလေးပါ. . .
. . .
အချိန်အတော်ကြာအတူရှိခဲ့ပေမယ့် အကြောင်းပြချက်သေချာမမျက်တောက်ကော့ကော့လေးတွေနှင့်ချစ်စရာအလွန်ကောင်းသည့်ကောင်မလေးပေါ့သိပဲ သူ့ဆီကနေ ရုပ်တစ်ရက်ထွက်သွားခဲ့သည် ။
သူကို အသိလေးတောင်မပေးပဲ အခိုးအငွေ့လိုပျောက်သွားခဲ့တာဖြစ်သည် ။
ဘာလို့ လူတွေအားလုံးက သူ့ကို ထားခဲ့ကြတာလဲ . .
ဒါပေမယ့် သူမကိုတော့ ထားခဲ့ဖို့ခွင့်မပြုနိုင်ဘူး. .  
သေချာပေါက်တွေ့အောင်ရှာမယ်. . သေချာပေါက် သူနားမှာပြန်ထားမယ်.   .
ဒါပေမယ့် သူ ဘယ်လိုရှာရမည်နည်း ။
မိဘ ဘယ်သူဘယ်ဝါ ဘယ်နေရာက ဆိုတာမသိပဲ
အချိန်အတော်ကြာ အတူရှိခဲ့တာ. . . .
သူကိုယ်တိုင်ကလဲ မိသားစု အကြောင်းအိမ်အကြောင်းမပြောချင်တာကြောင့် နူတ်ဆိပ်နေခဲ့သလို  တစ်ဖတ်ကိုလဲ မမေးခဲ့. . .
မေးမိလျှင် သူလဲပြောပြရမည်မဟုတ်လား. . . နာကျင်စရာအတိတ်ကိုတစ်ခေါက်ပြန်မသွားချင်တာကြောင့်လဲပါသည် ။ ပြီးတော့ ကျွန်တော်ထင်တာက ပိုး ကကျွန်တော်ဘေးမှာ တစ်သက်လုံးရှိနေလိမ့်မယ် လို့ပေါ့. . . . . . . 

ကျွန်တော်မိသားစု အရူပ်အထွေးကြောင့် အခြားသူကိုလဲ ပြောမပြချင်ခဲ့တာ ဖြစ်သည် ။
ကျွန်တေည် နာမည်က  မင်းည. . . . .
အသားဖြူဖြူ နှာတံဆင်းဆင်း ကြည့်ကောင်းပြီးယောင်္ကျားပီသသည့် ခန္ဒာကိုယ် ပေါ်လွင်တောက်ပသည့် မျက်ဝန်းတစ်စုံ . . .
လိူင်းတွန့်ရေးရေး ထနေသည့် ယခုခေတ်ကောင်လေးအတော်များများ နှင့် ကြည့်ကောင်းသည့် နဖူး အတိ ချထားသည့် ဆံနွယ်ဝါကျင်တွေ နှင့် မြင့်မားသည့်အရပ်အမောင်း . . .
မင်းည ဆိုသည့် သူ့ ကြည့်ကောင်းသည်ဆိုတာထက်ကို ပိုသည် . . . 

အဆိပ္သင့္ love /အဆိပ်သင့် LoveOpowieści tętniące życiem. Odkryj je teraz