
1.1K 38 0
                                    

အဆိပ်သင့် Love

အပိုင်း ( ၂၅)

"ကား ကို ဘယ်သူဆေးတာလဲ. . .

''ကျွန်တော်ဆေးထားတာပါမမလေး. . . .
ဘာဖြစ်လို့လဲ. . . .

''ဒီမှာကြည့် ဘီးတွေမှာ ရွှံတွေအတုံးလိုက်အတစ်လိုက် မမြင်ဘူးလား. . . . .ဒါ ကားသေးသေးလေးတောင်ပြောင်အောင်မဆေးနိုင်ဘူးလား. . . .  ဒီလောက်လေးတောင် လက်ကျောမတင်းပဲအလုပ်လာလုပ်နေသေးတယ်. .   

''တောင်းပန်ပါတယ် မမလေး အခု ပြန် ဆေးလိုက်ပါ့မယ် မမလေး. . 

''တော်ပါ အခုဆေးတာ ငါကစောင့်နေရဦးမှာလား. .  
အချိန်ကုန်တယ် အချိုးကိုမပြေကြဘူး. . .

ဝူးခနဲ မောင်းထွက်သွားသည့် ကားရဲ့နောက်မှာတော့ခြံစောင့်ကောင်လေး မျက်နှာငယ်လေးဖြင့်ကျန်ရစ်ခဲ့သည် ။

စည်သူ ထို ကောင်လေးကိုကြည့်ပြီးခေါင်းခါရမ်းလိုက်မိသည် ။
ပိုး က အရင်ကနှင့်မတူ ရိုင်းဆိုင်းလာသည်ဟုထင်မိသည် ။
သူ့ကိုအရင်က မင်းည ခေါ်သလို အကို လို့ပဲ လိုက်ခေါ်တက်ပြီး အခု  နင်ငါ ပြောတဲ့အခါတွေရှိသည် ။ဟဲ့ ဆိုပြီးခေါ်တဲ့အခါတွေလဲရှိသည် ။
သူကိုယ်ဆိုင်လဲ အမှားမလုပ်မိတာသေချာသည် ။
ဘာကြောင့်မှန်းမသိပေမယ့် ပိုး ကိုပြောင်းလဲသွားသည်ဟုထင်မိသည် ။
တစ်နေ့တစ်မျုိး မရိုးရအောင် ပြဿင်္နာရှာနေတော့သည်
အိမ်က အလုပ်သမားတွေ အမှား မလုပ်မိတာမရှိသလောက်ပင် ။
သခင်လေးနဲ့ရန်ဖြစ်ထားလို့များလား အလုပ်မှာစိတ်ရူပ်စရာတွေများနေလို့လား. . . .
စည်သူ တံခါးအကွယ်မှာရပ်ရင်းတွေးနေမိသည် ။

''အကို ဘာတွေတွေးနေတာလဲ. . .

''ဟင်. . အော် ဘာမှမဟုတ်ပါဘူး. .

တကဟ်တော့ မင်းည အားလုံးကိုမြင်ပြီးကြားပြီးခဲ့ပြီဖြစ်သည် ။

''ပိုး ဒီလို လုပ်နေတာဘယ်လောက်ကြာပြီလဲ. . 

''ခင်ဗျာ. . သခင်လေးဘာကိုဆိုလိုတာလဲ. . . .

''ကျွန်တော်အကုန်ကြားပါတယ်  အကိုဆို့ပြန်မပြောပေမယ့်. . . .

''သခင်လေး ကြားသွားတာလား. . .

''အင်း. . . ဘာတွေဖြစ်နေကြတာလဲ. . .

အဆိပ္သင့္ love /အဆိပ်သင့် LoveDonde viven las historias. Descúbrelo ahora