Pt 1💚

458 19 4
                                    

jirit jirit jirit ..

မနက်စောစော Alarm မြည်လာ၍ အိပ်ချင်မူးတူးဖြင့် နာရီ ကြည့်လိုက်ရ
7:58 AM 😳😳
Minatozaki တစ်ယောက် မျက်လုံးပြူး မျက်ဆန်ပြူး မထချင်ထချင်ဖြင့်ထရပေပြီ
shitt.. 🤧
8:30  bus ကားအမီ ရုံးသွားဖို့ပြင်ရမယ်
.
.
.
ဟောဟဲ ဟောဟဲ ဟောဟဲ ကသုတ်ကရက်နှင့် မှတ်တိုင်ရောက်သည်အထိ ပြေးလွှားလာခဲ့ရသောကြောင့် ခြေထောက်က နာပေါ့🤢
နေကပူတော့ ချွေးကကျ နှင့် လက်မှာလည်း
ထမင်းဘူး အိတ် ကင်မရာ တို့ကို ကိုင်ထားရသေးသောကြောင့် လမ်းလျောက်ပုံလည်း
ကြော့မော့မနေနိုင်တော့ပါ။ ထော့နင်း ထော့နင့် ချွေးသံသရဲရဲဖြင့် မှတ်တိုင်ရောက်လာသည်မှာလဲ အိုလံပစ်ပြိုင်ပွဲ၀င် တစ်ယောက်နဲ့ပင် တူနေသေးသည်။
"တော်ပါသေးတယ် bus ကားမီလို့"ဟု တစ်ယောက်တည်း ပြောဆိုရင်း bus ကားပေါ် တက်က ခုံအလွတ်တစ်နေရာသို့ ထိုင်ချကာ  ပြတင်းပေါက်သို့ ငေးကြည့်ကာ အမောဖြေ နေလိုက်သည်

~Paparazzi တစ်ယောက်ဖြစ်၍ ရုံးသွားရာတွင် ဘာမှ ထူးပြီးပြင်ဆင်မနေပါသော်လည်း ဤလူသားမှာ ဘယ်ဘ၀က ဆုတောင်း ကောင်းခဲ့၍ မသိပါ.... အလွန်ချစ်ဖို့ကောင်းသော မျက်နှာ  အသံ နှင့် အသားအရည်တို့ကို ပိုင်ဆိုင် ထားပေသည် ထိုမျှမကသေး သူမဧ။်  ဖြောင့်စင်းချွန်ထက်နေသော​ နှာတံက သူမဧ။် 
အလှတရား၏ အသက်ဟုဆိုရလောက်အောင် မြင်သူတကာကို ဆွဲဆောင်နိုင်ပေသည် ထ်ုသို့သောအရာများနှင့် ပြည့်စုံနေသော်လည်း အနှီလူသားကတော့ အမြဲလိုလို
Jean pen,jean leather coat,hoodie,suit,T-shirt over size တို့ကိုသာ ၀တ်ဆင်၍  လျှာထိုးဦးထုတ်တစ်လုံးကိုသာ အမြဲ ဆောင်းထားသောကြောင့် သူမအလှတို့မှာ မပေါ်လွင်ပဲ ရှိနေပေသည်
ထိုမျှ မက သွားလေရာ၌ Camera တစ်လုံးလွယ်၍ backpack အသေးစား တစ်လုံးကို
အမြဲယူသွားသောကြောင့် မသိလျှင် ယောကျ်ားသား တစ်ယောက်နှင့်ပင် တူနေပေသည်


ရုံးသို့ရောက်သော် အယ်ဒီသာချုပ်ဖြစ်သူ Jihyo ထံ လက်မှတ်၀င်ထိုးပြီးနောက် မိမိ အလုပ်စားပွဲ သို့ ထိုင်ကာ မနေ့က စုံစမ်းရလာသော အနုပညာ သတင်း တချို့ကို computer တွင် စာစီနေလိုက်သည်
÷×%*-dhvck*:"%*

Paparazzi's Owner (Unicode)Where stories live. Discover now