Pt 4💚

274 19 1
                                    

ရုံးပိတ်ရက် စနေနေ့ ဖြစ်သဖြင့်
အအိပ်မက်လှသော Sana တစ်ယောက်
ယနေ့ အစောကြီး ထရန်မလိုသောကြောင့်
နေဖင်ထိုးသည် အထိ အိပ်နေမိသည်။

နေရောင်ခြည်တွေ ပြတင်းပေါက်မှ တစ်ဆင့်
မိမိမျက်နှာပေါ်သို့ ကျရောက်တော့
အိပ်ပျော်နေတဲ့ Sana တစ်ယောက်
မျက်လုံးကို ပွတ်လိုက်ရင်း အာ တစ်ချက်
သမ်းလိုက်သည်။
ထို့နောက် မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်ဖြင့်
အိပ်ယာဘေးက စားပွဲပေါ်မှ နာရီကို
လှမ်းကြည့်တော့
~~ 9:36 AM~~
ဟူး .... 10နာရီခွဲရင် Momo နဲ့ ချိန်းထားတာရှိသေးတာပဲ

"အဲ့ ဟာမကတော့ ဘာအရေးတကြီး ပြောစရာရှိနေလဲ မသိဘူး ။ ပိတ်ရက်မှာပဲ အိပ်ရေး၀အောင် အိပ်ရပါတယ်ဆို ..."

ဟု နှုတ်ခမ်းသေးသေးလေးကို ထော်ရင်းဖြင့် တဗျစ်ဗျစ် မြည်တွန်တောက်တီးနေပေသည်။

ထို့နောက် ရေမိုးချိုး ကာ အ၀တ်အစား လဲ လိုက်ပြီး မီးဖိုချောင်ထဲ မနက်သွားရေစာ စားရန် ၀င်လိုက်ရာ စားပွဲပေါ်၌
မေမေပြင်ပေးထားသော နန်းကြီးသုပ်နှင့် ဓာတ်ဘူးထဲမှာ အသင့်နှပ်ထားပြီးသား ကော်ဖီတို့ကို ဖန်ခွက်ထဲ ထည့်လိုက်ပြီး မြိန်ရေယှက်ရေ စားသောက်နေ လိုက်သည်။

ထိုအရာတို့ကိုမျိုစို့ပြီးနော် နာရီကို
လှမ်းကြည့်ရာ
~10:04 AM~ထိုးနေပြီ ဖြစ်သောကြောင့်
အပြင်ထွက်ရန် ထုံးစံအတိုင်း T shirt အ၀ါနုကိုမှ ဂျင်းဘောင်းဘီတို တစ်ထည်ဖြင့် တွဲဖက်၀တ်ဆင်ကာ မျက်နှာကိုလည်း ဘာမှ
အထွေအထူး ပြင်ဆင်ခြယ်သ မနေဘဲ
day cream တစ်မျိုး လိမ်းကာ
နှုတ်ခမ်းနီကို အပန်းရောင်ထဲက အပေါ်အနု အောက်အရင့် နှစ်ထပ်အရောင်စပ် ဆိုးလိုက်သည်။

ရေမွေးအနည်းငယ် ဆွတ်လိုက်ပြီးနောက် မိမိ၏ ပြင်ဆင်ခြယ်သခြင်း ကိစ္စအ၀၀တို့ကို လတ်စသတ် လိုက်လေသည်။

ဖိနပ်စင်သို့ သွားကာ sneaker အဖြူ လေးကို
ရွေးချယ်ကာ စီးနင်းလိုက်ပြီးနောက် မိမိ၏
ကျောပိုးအိတ်ကို ယူကာ phone ကို ထည့်လိုက်ပြီး Momo နှင့် ချိန်းဆိုရာ Chou Center သို့ သွားရန် ထမင်းချက်နေသော မေမေ့အားနောက်ကျောမှဖက်ကာ ပါးပြင်ကို တစ်ချက်နမ်းပြီးနောက် သူငယ်ချင်းထံ သွားမည်ဟု အသိပေးကာ အိမ်မှ ထွက်ခဲ့လေသည်။

Paparazzi's Owner (Unicode)Where stories live. Discover now