Pt 3💚

232 12 0
                                    

Tzuyu မျက်လုံးထဲ၌ လွန်ခဲ့သော လအနည်းငယ်က အဖြစ်အပျက်ကို
ပြန်မြင်ယောင်လာသည်။

𝙁𝙡𝙖𝙨𝙝 𝘽𝙖𝙘𝙠

မိမိတို့ company ရဲ့ ဂုဏ်ပြုညစာစားပွဲ တစ်ခုကို company ရရဲ့ အောက်ဆုံး အထပ် lobby တွင် ကျင်းပနေစဥ်
၀န်ထမ်းများအား ကံစမ်းမဲ ဖောက်ပေးနေသည်ကို အပေါ်ထပ် ၀ရံတာမှ မိမိနှင့် သက်စု ကကြည့်နေခဲ့ကြသည်။

ပွဲ၏ ဘေးဖက်ထောင့်တစ်နေရာက ဘူဖေး ယူနိုင်သော စားပွဲများ နားတွင် လူတစ်စု ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့်
မိမိမှာ ရပ်နေရာမှ ပင်လှမ်းကြည့်လိုက်ရာ
မိန်းကလေး တစ်ယောက်..
မိမိတို့ company မှ ၀န်ထမ်းလည်း
ဟုတ်ပုံလည်း မရ ..အဘယ့်ကြောင့်ဆိုသော် မိမိတို့ company ရဲ့ Uniform လည်း ၀တ်ဆင်ခြင်း မရှိ ။

အပြင်၀တ်ဆုံကို ၀တ်ဆင်လာခဲ့ပြီး
ကင်မရာ လည်း ကိုင်ထားသည်မို့ သတင်းထောင် တစ်ယောက်ဟု မည်သူမှ အား မေးမြန်းစရာ မလို
အလိုလို သိနေမိသည် ။

ထိုမိန်းကလေးသည် ဘူဖေးကျွေးရန် ခင်ကျင်းထားသော စားပွဲပေါ်မှ စားပွဲခင်း အရှည်ကြီးအား တက်နင်းမိကာ ချော်လဲသော
ကြောင့် ဘေးလူများက ၀ိုင်းကြည့်နေစဥ်
၀န်ထမ်းတစ်ယောက်က လှမ်းထူပေးလိုက်သောကြောင့်
ထိုမိန်းကလေးမှာ မျက်နှာနီနီဖြင့် ကျေးဇူးတင်စကား ဆိုကာ ထိုနေရာမှ ထွက်ခွါ ပြီး မိမိတို့ရှိရာ အထပ်သို့ လာနေသည်ကို
တွေ့လိုက်မိသည် ။

ထူးတော့ အဆန်းသား ..

မည်သူကိုမျှ စိတ်၀င်စားခြင်း မရှိခဲ့ဖူးသော
Chou Tzuyu သည် ထိုမိန်းကလေး ၏
အဖြစ်အပျက်ကို အစအဆုံး မြင်လိုက်ရုံ
သာမက ထို လူသား မိမိမြင်ကွင်းမှ ပျောက်သည်အထိ လိုက်ကြည့်နေမိခြင်း ဖြစ်သည်။

ထို့နောက် တွင်တော့
သက်စုထံသို့
"သက်စု ...
နင် လည်းပွဲမှာပဲ သွားနေပါ
ဒီနေ့တော့ ငါ့ ဘေးမှာမနေဘဲ ပျော်ပျော်ပါးပါး အခြား၀န်ထမ်းတွေနဲ့ သွားနေပါ "ဟု
ဆိုကာ မိမိ ရုံးခန်းရှိရာသို့ ပြန်ခဲ့လေသည်

Flash back end~~~~

" ahh သတိရပြီ 😅😅😅😅
ဟိုတစ်ခါက မိန်းကလေးက
ငါ့ကို တက်နင်းသွားတဲ့သူပဲကိုး "
ဟုဆိုကာ စိတ်ဆိုးခြင်း မရှိဘဲ
ပြုံးနေမိသဖြင့် မိမိကိုယ်ကိုယ်
အံ့သြနေမိ လေသည်။ထို့နောက် မိမိ ရင်ဘတ်ထဲမှ တဒုတ်ဒုတ် မြည်သံကို ခံစားနေမိ၍ Tzuyu တစ်ယောက်
စားပွဲပေါ်က ရေသန့်ဘူးကို ဖွင့်၍ရေအမြန်သောက်လိုက်ကာ မိမိရင်ဘတ်ကို ဖိနေမိသည်။

Paparazzi's Owner (Unicode)Where stories live. Discover now