Pt 2💚

276 15 2
                                    

SN "တောင်းပန်နေတဲ့ဟာကို "

မပွင့်တပွင့် ရွတ်လိုက်လျှင် အရှေ့က မိန်းမချောမှာ ပိုလို့ ဒေါသထွက်သွားသည့် ပုံစံနှင့်

TY- "နှစ်ခါ နှစ်ခါ တောင်"

SN -"ရှင်..နှစ်ခါ ဘယ်လို နှစ်ခါလဲ"

TY -"မင်း ဓာတ်လှေကားထဲ ၀င်မလို့ လုပ်တုန်းက တစ်ခါ ၀င်တိုက်သွားသေးတယ် ၀င်တိုက်မိရုံမို့ ပြောမနေတော့တာ အခုထွက်လာပြန်တော့လည်း တက်နင်းမိပြန်ပြီ ဘယ်လိုမိန်းကလေးလည်းမသိဘူး ရှေ့မကြည့် နောက်မကြည့်နဲ့ .. "

သူ့အသံက အုတ်အုတ်ကြိတ်ကြိတ်နှင့် ချစ်စရာကောင်းလှသည်။ ရန်တွေ့ရတာတောင် ခပ်ရှက်ရှက် တွေ့နေပုံပင် ။ သူ့ဟန်ပန်က တစ်ဆိတ် ခမ်းနားထည်၀ါလွန်း တော့ တခြားသူကို ခြေထောက်တက်နင်းမှုဖြင့် ရန်တွေ့ရတာကို အတော်ရှက်နေသည်။ရှက်ပင် ရှက်တော်ငြားလည်း မည်သို့မျှ သည်းမခံနိုင်လောက်အောင် နာကျင်မှုကို ခံစားနေပုံရသောကြောင့် Sana လည်း သူ့ခြေထောက်ကို
မြင်ရအောင် ငုံ့ကြည့် လိုက်မိသည်။

ဟယ် ..
မြင်မြင်ချင်း အံ့သြရလောက်အောင် ဖြူဥနုမွတ်လှသော ခြေထောက်သွယ်သွယ်လှလှလေးမှာ ခြေသန်းအလယ်နားလောက်ကအသားမှာ နီရဲပွန်းလှန် နေသည်။တကယ့်ကို ချမ်းသားတဲ့ အသိုင်းအ၀ိုင်းက ခြေထောက်ပဲ ကိုး..

"CEO"
ခေါ်သံ တစ်ခွန်းကြောင့် သူကငဲ့ကြည့်လိုက်လေသည်။

"ဒီဖက်ကို ကြွပါရှင်"

Tzuyu က သူက ကြိုဆိုညွှန်ပြနေသူကို ခေါင်းတစ်ချက်ညိမ့်ပြကာ Sana ဖက်သို့ နောက်ထပ် မျက်ထောင့်တစ်ချက်နှင့် ကြည့်လိုက်ပြီးမှ မသိမသာ ထော့နင်း ထော့နင်းဖြင့် သူ့ကို ကြိုဆိုနေသောသူတို့ထံ သို့ သွားလေသည်။

"Chou Tzuyu "

တကယ်တော့ လူသိများ လှသည်မှာ Chou Company ၏ CEO မလေး Tzuyu ပင်ဖြစ်သည်။ များပြားလှသော ဘဏ်တွေ ဆေးရုံတွေ စားသောက်ဆိုင်ကြီး တွေ ကို ပိုင်ဆိုင်ထားရုံမက အဓိကလုပ်ငန်းကြီးဖြစ်တဲ့ Hotel လုပ်ငန်းမှာလည်း မြန်မာနိုင်ငံတွေ No.1 ဖြစ်နေရုံသာမက ကမ္ဘာနှင့် ယှဥ်လို့ရနေလောက်အောင် အောင်မြင်နေပေသည်။

Paparazzi's Owner (Unicode)Where stories live. Discover now