20

3.3K 430 11
                                    


"ကိုကြီး..."

Labခန်းထဲက ထွက်ထွက်ချင်း Lab coatတောင် မချွတ်ရသေး စူးနေသော ခေါ်သံလေးနှင့် လှစ်ခနဲ အနားရောက်လာသည့် ဖြူဖျော့ဖျော့ အရိပ်လေးကြောင့် ပြုံးမိသည်။
အသံကို မှတ်မိသည်၊ မမှတ်မိသည်က အသာထား။ သူ့ကို ဒီလိုခေါ်ပြီး လျှပ်ပြာတိုက်နေတတ်သည့် အပြုအမူတို့က Chanyeolရဲ့ အကောင်ပေါက်လေးမှာသာ ရှိသည့် သူ့အပိုင် အမူအကျင့်တို့။

အရှိန်နှင့် ပြေးလာပြီး အနားရောက်မှ ဆတ်ခနဲ ရပ်လိုက်သည့် Baekhyuneeကြောင့် Chanyeolမှာ ရင်တထိတ်ထိတ်။
မတော်လို့ ချော်လဲရင် ဘယ်လိုလုပ်ရပါ့။

"ကိုကြီး အတန်းပြီးပြီလား ..."

ဒီကောင်လေး အငြိမ်မနေချက်ကတော့ ရပ်ပြီး စကားပြောနေတာတောင် နဖူးပေါ် အုပ်ဝဲနေသည့် ဆံပင်လေးတွေကို ခါလို့။

တဖျတ်ဖျတ်လက်နေသည့် မျက်ဝန်းကြည်တောက်တောက်လေးတွေနှင့် နှုတ်ခမ်းတို့က ချိုမြမြအပြုံးတို့ကို ဆင်မြန်းလျက်။

"အစောက အဲ့ရုပ် မဟုတ်ဘူးနော် Baekhyun ...၇ရက်လောက် ဝမ်းပျက်ထားတဲ့ မျောက်ချီးပန်း မျက်နှာနဲ့ ....ဒူးမခိုင်တော့တဲ့ အသက်၁၀၀ကျော် အဘိုးလို ဖြစ်ပျက်နေပြီးတော့ ခုမှ...."

Baekhyunနောက်မှာ ကပ်ပါလာသည့် JongInက Baekhyunကို ရစရာ မရှိအောင် ပြောလိုက်သည်။
စိတ်ထဲမပါဘဲ ပြောနေသည့် စကားတို့ကိုတောင် အဆုံးသတ်ခွင့် မပေးဘဲ JongIn့ကို မကြည်သလို ရန်စောင်ကြည့်နေသည့် Baekhyunကြောင့် အကြည့်တို့ လွှဲမိကာမှ မိမိကို ပြာကျမတတ် စိုက်ကြည့်နေသည့် ဟိုအစ်ကိုကြီးကြောင့် JongIn့မှာ ကျောစိမ့်သွားရသည်။

အန္တရာယ်ရှိတဲ့ အငွေ့အသက်တွေ ရနေသလိုပဲ။

JongInလေး စာမေးပွဲ မဖြေရသေးခင်မှာ အနိစ္စသဘောနဲ့ ကိစ္စမချောချင်ဘူး။

စာမေးပွဲက နီးပြီ။

သတိနဲ့ နေ၊ သတိနဲ့ စားမှပဲ။

"အဟမ်း....Baekhyun နေခဲ့မှာလား ...၊ငါ စာတွေ သွားကူးလိုက်ဦးမယ်...."

"အေး...သွား...မလိုက်တော့ဘူး...၊ ငါ့ကိုကြီးနဲ့ နေခဲ့မယ်..."

Third wheelဖြစ်နေမယ့်အတူတူ ရှောင်ထွက်သွားဖို့ ကြံရွယ်သော်လည်း...

ကိုႀကီး/ကိုကြီး(Z/U)Where stories live. Discover now