43

2.4K 351 30
                                    

စိတ်ဆိုးမာန်ဆိုး ပြောပြီး ဖုန်းချလိုက်သည်။
ဘာကိုမှ မတွေးချင်တော့ဘူး။
ရည်းစားထားရတာကြီးက စိတ်မောရသည်။
ခုကတည်း အချိန်မပေးနိုင်ရင် နောက်ဆို ဘယ်လိုလုပ်ရပါ့။
အခု မအားလပ်နိုင်အောင် အလုပ်လုပ်နေရတာလည်း Baekhyuneeကြောင့်လို့တော့ မယူဆချင်။
ကိုကြီးဘာသာ ဂျယ်လီနင်ပြီး ဝါသနာမပါသည့် အလုပ်ကို ချက်ချင်း ထလုပ်တာ။
Baekhyuneeကြောင့် မဟုတ်ဘူး ။ ကိုကြီးကြောင့် အခုလို လွမ်းတိုင်း တွေ့ခွင့်မရတာ။
အဲ့လူကြီးက ဘာဝတ်ဝတ် ကြည့်ကောင်းနေတာ ။
အလုပ်သင်ကာလမှာ ဂျင်းဘောင်းဘီ၊ T shirtတစ်ထည် ပုံတုံးတုံး ဝတ်ထားတာတောင် ချောမောနေမှုကြီးက ဖုံးကွယ်မရ။
ကိုကြီးပါပါး အလုပ်ကို တရားဝင်သာ ဦးစီးရရင် ၊ အလုပ်ဝင်ရပြီဆို ဝတ်စုံအပြည့်ဖြင့် ကုမ္ပဏီတစ်ခုလုံးမှာ သူချည်းပဲ ထင်းလင်းနေမှာ။

ဒီလူကြီးကို ဘယ်နား ဖွက်ထားရပါ့။

ပိုင်ဆိုင်ရသော်လည်း ရင်မအေးရပါလား။

'စိတ်ညစ်တယ် ၊ စိတ်ညစ်တယ် ၊ စိတ်ညစ်တယ် '

အသံကုန်အော်ပြီး ဂိမ်းထဲ ဝင်လိုက်သည်။
ဒေါသဖြေစရာ ရလိုရငြား။
စိတ်နဲ့ကိုယ် မကပ်တာကြောင့် တိုက်နေသည့် ဂိမ်းက ခဏတိုင်း သတ်ခံနေရသည်။
ဆဲသံတွေလည်း ညံစီလို့ ။
သူ့အဖွဲ့ ၊ ကိုယ့်အဖွဲ့ထဲက သူတွေလည်း မသိတော့ ။
သေချာတာကတော့ ကိုယ့်Groupထဲက သူတွေ ဝိုင်းဆဲနေကြသည်။
တခါတလေ စိတ်မပါတုန်းလေးဆော့မိလို့ သူတို့ကြယ်လေးတွေ ခြွေမိတာကို ဝိုင်းပြီး ဆွမ်းကြီးလောင်းနေကြသည်။

ဂိမ်းဆော့ဖို့လည်း စိတ်မပါတော့တာကြောင့် ကိုကြီးနှင့် အတူရိုက်ထားသည့် ပုံတွေကို ကြည့်လိုက် ၊ saveထားသော အဆင်ပုံလေးများကို မျက်စိအစာကျွေးလိုက်နှင့်။

တံခါးခေါက်သံ၂ချက် ထွက်ပေါ်လာပြီး အခန်းတွင်းသို့ ဝင်ရောက်လာသူကို လှည့်မကြည့်ဖြစ် ။ ဒီအချိန် အိမ်မှာ ရှိတာ မေမေနှင့် Baekhyunနှစ်ယောက်တည်း။

ဖုန်းကိုပဲ သဲကြီးမဲကြီး စိုက်ကြည့်နေသည်။

"ByunBaekhyunအတွက် စာပါလာတယ်ခင်ဗျ။ အထူးဝန်ဆောင်မှု အနေနဲ့ အခန်းထဲထိ စာလာပို့ပေးပြီး ကိုယ်တိုင် ဖတ်ပြပေးမှာပါဗျ "

ကိုႀကီး/ကိုကြီး(Z/U)Nơi câu chuyện tồn tại. Hãy khám phá bây giờ