40

2.5K 421 40
                                    


တက်ကြွနေသည့် ခြေလှမ်းတွေက ကိုကြီးတို့ ခြံရှေ့ရောက်မှ အရှိန်သတ်လေသည်။
အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းထက်က ဆံပင်တို့ကို လက်ဖြင့် အသာဖွလိုက်ပြီးမှ မြင်နေရပြီဖြစ်သည့် ခြံတံခါးဆီ ဦးတည်မိတော့ Baekhyunက ခြေလှမ်းပြင်ရုံရှိသေး ခြံတံခါး ပွင့်လာပြီးနောက် ParkChanYeolတစ်ယောက် အလျင်လိုနေသည့် ပုံစံနှင့် ထွက်လာသည်။

ကျောက်ပိုးအိတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ကိုကြီးကို ခေါ်မည်ပြုကာမှ ရှပ်ပျာတိုက်နေသည့် ကိုကြီးက အလျင်စလို ခြေလှမ်းများနှင့် ပြေးထွက်သွားသည်။

ခြံတံခါးနှင့် မလှမ်းမကမ်းမှာ ရပ်နေသည့် Baekhyunကို မမြင်ဘဲ ခြေတံရှည်တို့ အားကိုးနှင့် ဘဝင်မြင့်ပြီး ပြေးနေသည့် Chanyeolကို Baekhyun စိတ်တိုချင်လာသည်။

ကိုယ်က ချော့ရမယ့် သူမိုလို့ပေါ့ ။
စိတ်ထိန်း Baekhyuneeလေး။

ဘာတွေများ အလျင်လိုနေပါလိမ့် ။
မသိလျှင် ကိုကြီးရဲ့ Tobennieကို Baekhyuneeရဲ့ Mongryoungလေးနှင့် အတင်းအကျပ် ပေးစားမည်ကို စိုးရွံ့နေသည့်အတိုင်း။

ခြံရှေ့မှ လမ်းထိပ်ရောက်ကာနီးထိ အရှိန်မလျှော့ဘဲ ခြေလှမ်းကျဲကျဲများနှင့် ပြေးသွားနေသည့် ကိုကြီးနောက်ကို Baekhyunတစ်ယောက် အလျင်မှီအောင် ပြေးလိုက်နေရသည်။

အိုက်ရား...မောလိုက်တာ။
ကိုကြီးရဲ့ ခြေတံရှည်ရှည်တွေက ကြည့်ရတာသာ ကောင်းတာ ။
အခုလို အရှေ့က ပြေးလွှားနေသည့် ကိုကြီးနောက်ကို Baekhyuneeက ပြေးလိုက်ရသည့် အခြေအနေမျိုးမှာတော့ ဒီခြေတံရှည်တွေက စိတ်တိုချင်စရာ ကောင်းသည်။

လမ်းချိုးကွေ့လေးတစ်ခုတွင် ကောင်မလေးတစ်ယောက်က Chanyeolနောက်ကို လိုက်နေသော Baekhyun၏ ရှေ့ကို ဖြတ်ဝင်လိုက်သည်။
သူ့လမ်းသူသွားနေသည်ဟု သတ်မှတ်ချင်ပါသော်လည်း ပုခုံးတစ်ဖက်တွင် အကာအကွယ်မဲ့နေသော ဂါဝန်တိုဝတ်ထားသော ကောင်မလေးက Chanyeolနောက်ကို သိသိသာသာ လိုက်နေခြင်းဖြစ်သည်။
ကားမှတ်တိုင်ရောက်ပြီး busကားပေါ်တက်သည်အထိ Chanyeolနောက်ကို ထပ်ချပ်မကွာ လိုက်နေဆဲ။

မိမိနှင့် ကိုကြီး ကြားတွင် ရောက်နေပြီး ကိုကြီးကို မိမိမျက်စိရှေ့မှာ ကွယ်သလို ဖြစ်နေသော အနှီ အကောင်သေးသေး မိန်းမလှလေးကဖြင့် ParkChanyeolတစ်ယောက်ကိုသာ မြင်ပြီး အနောက်က ပိုင်ရှင်ကိုတော့ဖြင့် ဂရုပြုမိဟန်မတူ။

ကိုႀကီး/ကိုကြီး(Z/U)Donde viven las historias. Descúbrelo ahora