34

2.6K 372 21
                                    


"ဟယ်လို ကိုကြီး ရောက်ပြီလား"

"ဟင့်အင်း...မရောက်သေးဘူး ။ ကိုယ် လမ်းမှာပဲ ရှိသေးတာ။ Baekhyunee ခြံရှေ့မှာ ထွက်စောင့်နေပေးပါလားဟင် ။ ကိုယ် ရောက်ရောက်ချင်း Baekhyuneeကို ကြည့်ပြီး အမောပြေချင်လို့ အာ...မဟုတ်သေးပါဘူး။ ထွက်မစောင့်နဲ့တော့နော် ။ ကိုယ်စိတ်မချဘူး ။ ကိုယ်ရောက်ရင် ဖုန်းဆက်လိုက်မယ် ။ အဲ့ကျမှ ထွက်ခဲ့တော့"

အမောတကော ပြောပြီး ဖုန်းချသွားသည့် ကိုကြီးကြောင့် Baekhyuneeမှာ ကြောင်တောင်တောင် ဖြစ်ရပြန်သည်။

ကိုကြီး တကယ်ကို လူhackခံရတာပဲ။

သိပ်မကြာခင်မှာပဲ Baekhyunရဲ့ ဖုန်းမှ ringtoneသံ ခပ်သာသာ ထွက်ပေါ်လာသည်။
မှန်ပြင်မှာ ပေါ်နေသည့် ပုံထဲက ဆံပင်ငွေမှင်ရောင် ကောက်ကောက်နဲ့ လူကြီးက မနာလိုချင်စရာကောင်းလောက်အောင် ချောမောလွန်းသည်။

ချစ်သူဖြစ်တာနဲ့ အဲ့ဆံပင်တွေကို အရင်ဆုံး အရောင်ပြောင်းပြီမှတ်။

"ကိုယ်ရောက်ပြီ Baekhyunee"

Baekhyunလည်း အပေါ်ဝတ်ပါးပါး တစ်ထည် ထပ်ဝတ်ပြီး အိမ်အပေါ်ထပ်ဆီမှ ဆင်းကာ ခြံဝဆီသို့ ဦးတည်လာခဲ့သည်။
ခြံတံခါးဆွဲဖွင့်ဖွင့်ချင်းမှာပဲ အပြင်မှာ ရပ်စောင့်နေသည့် Chanyeolက Baekhyunကို သိမ်းကြုံးဆွဲဖက်လိုက်တာကြောင့် Baekhyunမှာ 'အင့်' ခနဲသာ အသံထွက်နိုင်သည်။

"ကို.ကိုကြီး...ဘာဖြစ်လာတာလဲ"

"ဟင့်အင်း ...Baekhyuneeကို အရမ်းလွမ်းလို့ "

ပြောပြောပြီး တိုးလို့ ဖက်လာသည့် Chanyeolကြောင့် Baekhyunမှာ အသက်ရှူပင် ကျပ်လာရသည်။

"လက်လေး နည်းနည်းလျှော့ပေးပါလား ကိုကြီးရာ ။ အသက်ရှူကျပ်နေပြီ"

အကောင်ပေါက်ကို ဖက်ထားရင်း Chanyeolပြုံးမိသည်။
ဒီကောင်လေး မဖက်နဲ့လို့တော့ မငြင်းရှာဘူးပဲ။
ချစ်လိုက်တာကွာ။

"Baekhyuneeရဲ့ ဈေးဗန်းက ကိုယ့်အတွက် ရှိသေးလားဟင်။ အခု ဝယ်တော့မယ်။ မဟုတ်သေးပါဘူး။ Baekhyuneeရဲ့ နှလုံးသားလေးကို လက်ဆောင်အဖြစ် ကိုယ့်ကို ပေးမယ်ဆို။ အခုပေးတော့ "

ဒီလူက အလကား ယူပါဆိုပြီး ထိုးပေးနေတုန်းက မယူတဲ့ ကိုကြီး။
ခုမှ ဘာအရူးထတာလဲ။
ဆေးမသောက်ရသေးဘူးလား။
ဒီက ဈေးဗန်းရောင်းတိုင်း အငြင်းခံနေရတော့ အခုအခြေအနေကြီးက စိမ်းသက်သက်။

ကိုႀကီး/ကိုကြီး(Z/U)Where stories live. Discover now