CHAPTER ONE (1-1)

2.1K 52 2
                                    

[Shao Zhuo (gong)]ရဲ့ ရှု့ထောင့်

1.Shao Zhuo

ကျွန်တော့်နာမည်က Shao Zhuo.လိင်-ယောက်ျားလေး
လိင်စိတ်တိမ်းညွှတ်မှု-ဂေး
ကျွန်တော်က ဒီနှစ်ဆို ၂၆ပြည့်ပြီ ပြီးတော့လည်း အခြားတစ်ယောက်အပေါ်မှာ ဂရုစိုက်တတ်တဲ့သူမျိုး ဖြစ်တဲ့အပြင် အတော်အတန်သင့် အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်လည်း ဟုတ်တယ်

အထင်မလွဲသွားပါနဲ့ဦး ကျွန်တော်က blind date အတွက် လာတာမဟုတ်ဘူး ကျွန်တော်မှာ Lu Ning လို့ခေါ်တဲ့ ရည်းစားလေးရှိတယ် ကျွန်တော်တို့က တက္ကသိုလ်မှာ စတွေ့ခဲ့ကြတာ အတန်းဖော်တွေပေါ့ တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတာလည်း ၈နှစ်ရှိပြီ ရည်းစားသက်တမ်းကလည်း ၇နှစ်ရှိခဲ့ပါပြီ ကျွန်တော့ရည်းစားလေးနဲ့ ရည်းစားဘဝက တော်တော်လေး အဆင်ပြေတယ် ပြီးတော့ ရည်းစားဘဝမှာ ရန်ဖြစ်တာတောင် မရှိသလောက်ပဲ

ဒါပေမယ့် ကိစ္စတစ်ခုရှိတယ် အာ့ကိစ္စက ကျွန်တော့ကို အချိန်အကြာကြီးကြာအောင်ကို စိတ်ရှုပ်စေခဲ့တာ
အာ့တာ က ကျွန်တော့ ရည်းစားလေး က သူ့ကိုယ်သူ straight ဆိုတာကို အခိုင်အမာကို ပြောနေခဲ့တာ ကျွန်တော်နဲ့ ရည်းစားသက်တမ်း ၇နှစ်ကြာတာတောင်မှလေ ရည်းစားသက်တမ်းက ၇နှစ်ကျော်လာတာမှ အာ့ကိစ္စရှိနေသေးတာမို့ ကျွန်တော် နည်းနည်း စိုးရိမ်လာတယ်

02.ပထမအလွဲ

သူ့ကိုပထမဦးဆုံး စတွေ့တဲ့အချိန်က ကျွန်တော်တို့နှစ်ယောက်လုံး တက္ကသိုလ်မှာ ပထမနှစ်တက်နေတဲ့ အချိန်ပဲ အဆောင်ထဲရောက်တော့ အထုတ်တွေ ဘာတွေ ထုတ်စရာရှိတာထုတ် သိမ်းစရာရှိတာသိမ်းပြီး ကွန်ပြူတာနဲ့ ဂိမ်းဆော့ပြီး အနားယူဖို့ ကွန်ပြူတာ ဖွင့်တဲ့အချိန် သူက တံခါးဖွင့်ပြီးဝင်လာခဲ့တယ်

သူပုံစံလေးက ပိန်တယ်ပုတယ် ဒါပေမယ့်လေ... သူကအရမ်းလှတယ် အရမ်းလှတယ်ဆိုတဲ့ စကားလုံးက ယောက်ျားလေးတစ်ယောက်ကို မသုံးသင့်ဘူး ဆိုတာ သိပါတယ် ဒါပေမယ့် အာ့ချိန်မှာ အာ့စကားတစ်လုံး ခေါင်းထဲ အရင်ရောက်လာ တာလေ

"Hi .Hello." သူက ပြုံးရင်း ကျွန်တော့ကို နှုတ်ဆက်လိုက်တယ် အပြုံးချိုချိုလေးနဲ့ ပေါ့

My Wife Is Straight [ Myanmar Translation]Where stories live. Discover now