CHAPTER TWO (2-3)

405 42 2
                                    

08.ချစ်ခွင့်ပန်ခြင်း

ကျွန်တော် သူ့ကို ချစ်နေပေမယ့်လည်း သူအရင်ဖွင့်ပြောလာမှာကို ကျွန်တော် စောင့်နေခဲ့တယ် ပြီးတော့လည်း ကျွန်တော်တို့လိုstraight တွေက ကျွန်တော်က ဂေးပါလို့ ဖွင့်မပြောကြဘူးလေ

ချွေးတွေနဲ့ ရပ်နေတဲ့ Shao Zhuo ကို ကြည့်ရတာက လူကောင်ကြီး ကြီးပြီး စိတ်အားငယ်နေတဲ့ပုံက ဘာနဲ့တူလဲဆိုတော့  သခင်က စွန့်ပစ်ခံရတဲ့ ခွေးလေးနဲ့တူတယ် သူ့ပုံစံကြောင့် ကျွန်တော် ပူပန်လာရတယ်

သူလက်ထဲကရောင်စုံ Lollipops နှစ်ခုကိုမြင်သောအခါကျွန်တော့်နှလုံးသားကအေးခဲသွားပြီး ဆုံးဖြတ်ချက်ချလိုက်တယ်

သူ့လက်ထဲက ပန်းသီးအရသာကိုအရင်စားလိုက်တယ်

အဆောင်သို့ပြန်ရောက်လာသောအခါကံကောင်းထောက်မစွာကျန်အခန်းဖော်နှစ် ဦး ပြန်လာခဲ့ခြင်းမရှိချေ။ Shao Zhuoကအထင်အမြင်လွဲစွာလိုက်လာတာကို  ကျွန်တော်သိတယ်  ကျွန်တော် တံခါးကို ပိတ်ပြီး သူ့ကို တံခါးမှာ ဆွဲကပ်ထားလိုက်တယ် လက်နှစ်ဖက်ကို သူ့မျက်နှာ တဖက်ဆီမှာ ထောက်ထားဖို့ ကျွန်တော် တို့ရဲ့ အရပ်အကွာအခြားကြောင့် ခြေဖျားထောက်လိုက်ရတယ် 'ဒီသောက်ကျိုးနည်း အရပ်ကတော့ !!!!!'

ကျွန်တော်  loollipopကို လက်ထဲမှာ ကိုင်ထားပြီးတော့ သူ့ကို ချက်ချင်း နမ်းလိုက်တယ် သူအစက ကြောင်အနေသော်လည်း နောက်တော့ ကျွန်တော့်ခါးကို ဖက်ပြီး အနမ်းကို ပြန်တုံ့ပြန်လာတယ် ကျွန်တော့်နှုတ်ခမ်းထဲကို ဝင်ဖို့ သူ့လျှာကို ခွင့်ပြုလိုက်တယ်  သူက ကျွန်တော့်ခံတွင်းတစ်ခုလုံးကို စူးစမ်းနေရင်းနဲ့....

"ဟေး ဒီတံခါးက ဘာလို့ ဖွင့်လို့မရတာလဲ" အတန်းဖော်၏စကားသံကအပြင်ဘက်မှထွက်လာတယ်
ကျွန်တော်အိပ်မက်ကနိုးလာသည်နှင့်အမျှ Shao Zhuo ကိုတွန်းထုတ်လိုက်တယ် ကျွန်တော်ကတံခါးကိုဖွင့်ပြီး တခြားအခန်းဖော်တွေကိုစောင့်ဖို့ပြောကာတံခါးကိုထပ်ပိတ်လိုက်တယ်။

ကျွန်တော်သူ့ကိုထပ်ဖက်ခွင့်ပြုလိုက်တယ်။ သူကကျွန်တော့်မျက်လုံးများကိုကြည့်ရှုနေစဉ်သူရဲ့
မျက်လုံးများမှလောင်ကျွမ်းနေသောစိတ်ပြင်းပြမှုကကျွန်တော့်ကိုလွှမ်းမိုးလုနီးပါးဖြစ်နေတယ် ကျွန်တော် သူ့ကို ထပ်မနမ်းဘဲ မနေနိုင်တော့ဘူး "ငါ့လိုstraight တွေက  နှင်းဆီပန်းကို မလိုချင်ဘူး lollipop ပဲလိုချင်တာ"

"straight "သူက ရယ်ရင်းပြန်မေးလိုက်တယ်
"ငါ့ကို အမြဲချစ်ခွင့်လာပန်တဲ့ယောက်ျားတွေ
ကြောင့်ပဲ ငါသူတို့ကိုအာ့လိုပြောလိုက်ရင်
ကိစ္စက အဆင်ပြေသွားတယ်လေ အခုတော့ ၂၄ကာရတ်ရှိတဲ့ straight အသန့်လေးကို  မင်းပိုင်သွားပြီ" ကျွန်တော် ပြောလိုက်တာက အရမ်းကို စူပါရိုမန့်တစ် ဖြစ်ပြီး အရမ်းလည်း ယောက်ျားဆန်တယ်လို့ ခံစားရတယ် ကျွန်တော်  သူ့ကို လုံးဝ straight အဖြစ် ပြောင်းလိုက်နိုင်မယ်ထင်တယ်

09.Straight Men

ကျွန်တော် မကြာသေးခင်က တစ်စုံတစ်ခုကို သတိပြုမိလာတယ် အာ့တာက Shao Zhuo က ကျွန်တော်ကိုယ့်ကျွန်တော်straightလို့ ပြောရင် အရမ်း သဘောကျတယ်ဆိုတာပဲ ကြည့်ရတာ ကျွန်တော် ဖွင့်ပြောလိုက်တဲ့ အချိန်က သူ့ကို straight အဖြစ် ပြောင်းပေးလိုက်နိုင်လို့ ဖြစ်ရမယ်

သူ့ကြိုက်တယ်ဆိုမှတော့ ကျွန်တော် မကြာမဏပြောပေးတာပေါ့..ဟိ အလိုလိုက်ပေးတာပေါ့ ကျွန်တော်တို့လို straight တွေက အလိုလိုက်ပေးရတာကို ကြိုက်တယ်လေ

ဟုတ်တယ် ဒါဟာ straightသမားတွေရဲ့ အလုပ်ပဲ!!!

10.

ဒီနေ့ ကျွန်တော်နဲ့ Shao Zhuo လက်ထပ်မှတ်ပုံတင်ခဲ့တယ် ကျွန်တော်လို straight တွေက လက်ထပ်ဖို့ လိုအပ်တယ်

11.

ကျွန်တော်နာမည် Lu Ning ပါ ကျွန်တော်က straight တစ်ယောက်ပါ

A.N:

Yep!! My first translation is done!!!! Love you Guys >< Next translation may be long story I'll try it ❤








My Wife Is Straight [ Myanmar Translation]Where stories live. Discover now