CHAPTER TWO (2-1)

271 25 0
                                    

[Lu Ning (Shou)ရဲ့ ရှု.ထောင့်

01.Lu Ning

ကျွန်တော် နာမည် Lu Ning ပါ ကျွန်တော်က straight တစ်ယောက်ပါ

02.ပထမဆုံး တွေ့ဆုံမှု

ကျွန်တော် ပထမနှစ် ကျောင်းသားဘဝတုန်းက အဆောင်နေဖို့ ရောက်လာတယ် ကျွန်တော် အခန်းရှေ့ရောက်လာခဲ့အခါ တံခါးကို တွန်းဖွင့်ပြီး
ဝင်သွားလိုက် တယ် အာ့ဒီမှာ ကျွန်တော်ထက် အရင်ရောက်နေတဲ့ အခန်းဖော်ကို တွေ့လိုက်ရတယ် တံခါးဖွင့်သံကြားတော့ သူက ကျွန်တော့ဘက်ကို လှည့်ကြည့်လာခဲ့တယ်

သူ့မျက်ခုံးတွေက ထူပြီး မဲနက်နေတာပဲ
သူ့နှာခေါင်းလေးက သွယ်ပြီး နှုတ်ခမ်းကလည်း မထူမပါးနဲ့ ခြုံကြည့်လိုက်ရင် သူက တကယ့်ကို ဩဇာ အပြည့်ရှိတဲ့ ဟန်ပန်မျိုး သူက ယောက်ျားတစ်ယောက်မှန်းသိတာတောင် ကျွန်တော် မျက်စိမလွဲနိုင်ဘူး သူကတကယ့်ကို အရမ်းကြည့်ကောင်းတာပဲ

သူထိုင်နေတာတောင်မှ သူကအရပ်ရှည်မှန်း ကျွန်တော် အတပ်ပြောနိုင်တယ် ကျွန်တော်ဘက်ကနေ စနှုတ်ဆက်လိုက်တော့ သူမတ်တပ်ရပ်လိုက်တယ် ဝါးးး သူကအရပ်အရှည်ကြီးပဲ သူက ၁၈၅ စင်တီမီတာလောက် ရှိလောက်တယ် ကျွန်တော် ခြေဖျားထောက်ပြီး မသိမသာ တိုင်းကြည့်လိုက်တယ် ၁၈၇ စင်တီမီတာ ရှိတာပဲ ၁၆၇စင်တီမီတာပဲ ရှိတဲ့ ကျွန်တော် ငိုချင်သွားတယ် ဒါပေမယ် ကျွန်တော်တို့လို့ straight တွေက ဒီလိုအရမ်းဂေးဆန်တာမျိုး မလုပ်တတ်ဘူး

ကျွန်တော် ကောင်းကောင်းမွန်မွန်နှုတ်ဆက်လိုက်ပေမယ့် သူက ပြန်ဖြေလိုက်ပုံကြီးက အဆင်မပြေဘူး ပြီးတော့လည်း သူမျက်ခုံးတွန့်လိုက်တာကိုလည်း ကျွန်တော် မြင်တယ် သူ ကျွန်တော်ကို သဘောမကျတာဖြစ်မယ် ကျွန်တော်ဆီက စိတ်ရှုပ်စရာ တစ်ခုခုကို မြင်သွားလို့ ဖြစ်မယ်

ကျွန်တော့်ရဲ့ ပုံစံက မိန်းမဆန်လို့ သူသဘောမကျတာနေမယ်
ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော်မျက်နှာကြောင့် မိန်းကလေးတွေကော ယောက်ျားလေးတွေပါ အနိုင်ကျင့်ကြတယ် ဒါပေမယ့်လည်း ကျွန်တော့ကို ချစ်ခွင့်လာပန်တာလည်း ယောက်ျားလေး တွေပဲ
ဒါပေါ့ ကျွန်တော် သူတို့အကုန်လုံးကို ငြင်းလိုက်တာပေါ့ ကျွန်နော်က straight လေ ကျွန်တော့်ကိုချစ်ခွင့်ပန်တာ မိန်းကလေးဆိုရင်တော့ ချက်ချင်းလက်ခံလိုက်မှာပဲ ကံဆိုးစွာနဲ့ ကျွန်တော် ဘဝတစ်လျောက်လုံးမှာ တစ်ခါမှ အာ့လိုကိစ္စမျိုး မရှိခဲ့ဖူးဘူး

My Wife Is Straight [ Myanmar Translation]Where stories live. Discover now