CHAPTER ONE (1-2)

770 31 0
                                    

05.အိပ်ယာထခြင်းအမှု

ကျွန်တော်က Lu Ning ကို သဘောကျတယ် ကျွန်တော်က ဂေးတစ်ယောက်ဖြစ်ပေမယ့် အခြားလူရဲ့ စိတ်ကို မြင်နိုင်တာမှ မဟုတ်တာ အကယ်၍ Lu Ning က ဂေးတစ်ယောက် ဖြစ်မယ် ဆိုရင်တောင် ကျွန်တော်သိမှာတောင်
မဟုတ်ဘူး

ကျွန်တော် သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို သူမသိစေချင်ဘူး သူသိသွားရင် ကျွန်တော့အပေါ် သူငယ်ချင်းအဖြစ်ကနေ စွန့်လွှတ်သွားမှာ စိုးရိမ်မိတယ်

ကျွန်တော် သူ့အပေါ်မှာ ကောင်းကောင်း ဆက်ဆံတယ် ကျွန်တော့ကို တဖြည်းဖြည်း အားကိုးလာပြီး သဘောကျလာမယ်လို့ မျော်လင့်ရင်းနဲ့ပေါ့

ကျွန်တော့်Ning Ningလေးက မနက်ခင်းဆို အရမ်း ချစ်ဖို့ကောင်းတာ အိပ်ယာက မထရအောင် အတင်းတွယ်ကပ်ပြီး အိပ်နေတတ်တယ် အိပ်ယာ မထချင်လို့ သူ့ခန္ဓာကိုယ်နဲ့ ဟိုလှိမ့် ဒီလှိမ့် နဲ့လုပ်တတ်ပြီး ပါးစပ်ကနေလည်း ညည်းညူနေတတ်သေးတယ် မနက်တိုင်း ကျွန်တော် သူ့ကို အိပ်ယာက ထအောင် နိုးရတာက အလုပ်တစ်ခုလို ဖြစ်လာတယ် သေချာတာပေါ့ ကျွန်တော် အာ့အလုပ်ကို အရမ်းစိတ်ပါလက်ပါရှိတာ

"ထတော့ အပျင်းကြီးတဲ့ ဝတ်ပုပ်လေး"ကျွန်တော် သူ့နှာခေါင်းလေးကို ဖွဖွလေးထိပြီး သူ့နား နားမှာ ကပ်ပြီး ပြောလိုက်တယ် "မထချင်ဘူး အိမ်ချင်သေးတယ် " Lu Ning က ကျွန်တော့လက်ကို ဖယ်ချပြီး နံရံဘက်ကို လှိမ့်သွားလိုက်ပြီး ပြောလိုက်တယ်

သူ့ဟိုဘက်လှည့်လိုက်လို့ ပေါ်လာတဲ့တင်ပါး လေးတွေကို ကြည့်ပြီး ကျွန်တော့်လက်
တွေတောင် တုန့်သွားတယ် " ငါမင်းအတွက် မနက်စာဝယ်ပေးမယ် မင်းနိုးလာရင် စားလို့ရအောင်လို့ နေ့လည်ကျရင်ရော ဘာစားချင်လည်း ငါလာပို့ပေးမယ်" Lu Ning က အိပ်ချင်မူးတူး အသံဖြင့် "ဘာပဲဖြစ်ဖြစ်"လို့ ပြန်ဖြေလိုက်တယ်

အဆောင်က လူတွေက ကျွန်တော်တို့နှစ်ယောက်ရဲ့ ပုံစံကို ကျင့်သားရနေပြီ သူတို့တွေ အကုန်လုံးက ကျွန်တော် သူ့ကို ကြိုက်နေမှန်း သိကြတယ် ဟိုအရူး Lu Ning သာ မသိတာ

06.ဘတ်စကတ်ဘော

ကျွန်တော်က ကျောင်းရဲ့ ဘတ်စကတ်
အသင်းဝင်ထားပြီး တစ်ခါတစ်ရံ အားကစားရုံမှာ လာကစားတတ်တယ် Lu Ning ကတော့ ဘယ်လိုကစားရမလဲ ဆိုတာကို သူမသိဘူး ဒါကြောင့် ကျွန်တော်က သူ့ကို သင်ပေးချင်တယ် အားကစားရုံကို ရောက်တော့ ကျွန်တော်တို့ နှစ်ယောက်က လွဲပြီး ဘယ်သူမှ မရှိဘူး
ကျွန်တော့ သူ့ကို ကစားပုံ ကစားနည်းတွေကို သီးသန့်သင်ပေးလို့ရတာပေါ့

My Wife Is Straight [ Myanmar Translation]Where stories live. Discover now