ep~~~4

15.8K 1.6K 116
                                    

#Unicode
jungkook ခလေးကို ကားပေါ်သို့ ပွေ့ချီလာခဲ့တယ်...

ရင်ခွင်ထဲက ပေါက်စလေးကတော့ ငိုနေဆဲပင် ..
ခလေး မျက်ရည်တွေ မြင်လေ ဟိုကောင့်ကို သတ်ချင်လေမို့ ဒေါသမထွက်အောင် ထိန်းရသည်မှာ သိပ်တော့မလွယ်လှ.....

ကားပေါ်သို့ ရောက်သည်အထိ ပေါက်စက ငိုကောင်းတုန်း..

"မငိုပါနဲ့တော့ Kim Taehyung shi!!"

ကျွန်တော့်အသံကြောင့် မော့ကြည့်လာတဲ့ ခလေးလေး
ငိုထားတာမို့ မျက်နှာလေးက ဖောင်းအစ်ပြီး နှာထိပ်လေးတွေက ရဲနေတာမို့ တမျိုးချစ်စရာကောင်းနေပြန်ယော...

"ဟင့်!!Tae တောင်းပန်ပါတယ်...ပြီးတော့ ကျေးဇူးတင်ပါတယ်"

ရော်...ဒီခလေး ဘာကြောင့် တောင်းပန်တယ်ချည်းပဲ ပြောနေရပြန်တာလဲ..
ခလေးက သူ့အမှားလို့ ယူဆနေပုံပင်..
ခလေး စိတ်ပြောင်းအောင် စကားလမ်းလွှဲမှပါ....

"ရပါတယ် ..တစ်ဖတ်သတ်အနိုင်ကျင့်တာမျိုးဆို ကိုယ်က ကြည့်မရလို့ပါ..ဒါနဲ့မင်းနာမည် Kim Taehyung နော်
ကိုယ့်နာမည်က Jeon Jungkook ပါ ဟိုနေ့က ကိုယ်တို့တွေ မိတ်မဆက်ရသေးဘူးနော်"

ကျွန်တော့်စကားကို ခေါင်းငြိမ့်ပြီး ထောက်ခံတဲ့ ခလေးပေါက်စ..

"အဲ့နေ့က ကိစ္စအတွက်လည်း Tae တောင်းပန်ပါတယ် Tae မှားတာကို CEO Jeon ကို အော်ခဲ့မိလို့ပါ..."

"ရပါတယ် ကိုယ် စိတ်ထဲမထားတာမို့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့တော့..
နောက်ပြီး ကိုယ်တို့အခုသိသွားပြီမို့ မိတ်ဆွေတွေဖစ်သွားပြီနော်"

"ဟုတ်ကဲ့.." ဆိုပြီး ပြုံးပြလာတဲ့ ခလေး
ဟုတ်တယ် ခလေး မင်းအမြဲတမ်းပြုံးနေစေရမယ်...

"ဉီးလေး လီ!! စံအိမ်ကိုပဲမောင်းပေးပါ"

"ဟုတ်ကဲ့ သခင်လေး"

"ဟို ဟိုလေ...ကျွန်တော့်အိမ်ကိုပဲ မောင်းပေးလို့ရမလား" လို့ ပြောလာတဲ့ ခလေး

"မဖြစ်ဘူး မင်းတစ်ကိုယ်လုံး စိုရွှဲနေပြီ နောက်ပြီး ဒီကနေ ကိုယ့်အိမ်ကပိုနီးတာမို့ အိမ်ကို လိုက်ခဲ့ပါ အဝတ်စားလဲပြီးမှ ပြန်ပေါ့"

 Intended Love...♥️(Completed )Where stories live. Discover now